Professional Authors

အိမ်ကလေး

နေပူပူထဲက
ဖုန်ထူထူမြို့လေးမှာရှိတာပါ။
ဒါပေမယ့်ခန့်ညားပါတယ်။
အဲဒိအိမ်လေးကသူ့ရဲ့ခိုနားရာလေြး

ဖစ်ခဲ့တာပေါ့။
သူ့ရဲ့အငွေ့အသက်တွေနဲ့ထုံမွန်းထားတဲ့အိမ်လေးကို
သူ့အသက်နဲ့လဲပြီးရယူပေးထားတဲ့
လွတ်လပ်ရေးရဲ့အသီးအပွင့်ကိုစားသုံးနေကြတဲ့
သူ့ရဲ့ပြည်သူတွေကတော့မေ့နေကြလေရဲ့။
အခုဆို
တချိန်ကအိမ်နံရံမှာကြွားဝင့်ခဲ့တဲ့သူ့ပုံရိပ်တွေက
အရောင်တွေတောင်မှိန်လို့
သူငယ်ချင်းတို့ရေ……………..
မင်းမြန်မာနိုင်ငံသားမှန်ရင်
မြန်မာနိုင်ငံရဲ့အလယ်ပိုင်း
မကွေးတိုင်းရဲ့အညတရမြို့လေးက
သူ…….ဆိုတာဘယ်သူလဲသိမှာပါ။
သိခဲ့ရင်တော့
သူ့အိမ်လေးရှိရာကို
တခါတခေါက်တော့အသိအမှတ်ပြုလာရောက်စေချင်ပါတယ်……………
ဘာဝါဒရေးရာမှမပါဘဲနဲ့လေ။
In: ကဗျာ Posted By: Date: Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment