Professional Authors

မဟေသီနဲ့ လသစ်ရက်စနေ

အိမ်မဲ့ယာမဲ့အကောင်မဟုတ်
အိမ်ကခဏလေးအပြင်ထွက်ခဲ့
သုံးနှစ်စွန်းစွန်းလောက်ရယ်
တစ်ဘဝလုံးနဲ့  နှိုင်းစာကြည့် ဘာရှိတာလိုက်လို့။

ရှမ်းတောင်တန်းကိုသွား
မင်းထက်မောင်၊ သစ်ခက်အိမ်
တင်မောင်မြင့် လမ်းဘေးရှေ့နေ၊
ခင်ခင်ထူး တောရပ်ဓလေ့ဇာတ်လမ်း
စံ-ဇာဏီဘို ဗေဒင်
ဟိုလူ့အကြောင်း သည်လူ့အကြောင်း
အားလုံးပေါင်းချုပ်
ဆယ့်နှစ်မျိုးချင်းသုပ်ကို
ငါးကျပ်တိတိနဲ့  ဝယ်။

သူငယ်ချင်းနဲ့ စကားစမြည်
အလုပ်အကြောင်း
သူ့ရည်းစားအကြောင်း
အိမ်ထောင်ရေးအကြောင်း
ခလေးအကြောင်းနားထောင်ရ
ဒါလည်းသဘာဝ ချယ်သတဲ့အနုပညာ

ညနှစ်နာရီ
အိမ်ပြန်
အဲသည်ဆယ့်နှစ်မျိုးချင်းသုပ်ကို
ရေနွေးကြမ်းနဲ့ ဇိမ်ခံ
အာဂပါးစပ် လူဖြစ်ရကျိုးအနပ်

နီးနီးဖြစ်ဖြစ်
ဝေးဝေးဖြစ်
နေတတ်ဖို့ပဲလိုတာပါ
ငရဲဆိုတာစိတ်ကဖန်တီးတာ

စိတ်ကို စိတ်နဲ့ ကြည့်
အရှိကိုအရှိအတိုင်းလက်ခံ       
ကြိုမသိနှိုင်တဲ့ မှန်းဆခဲခက်

ခုအတိုင်းဆိုတော့လည်း
ငါ့ရာသီဥတုဟာ
ချွေးတစိုစို
ကျန်းမာရေးကောင်းတယ်လို့ဆိုရမလိုလို။   ။

ဩမြိုင်

In: ကဗျာ Posted By: Date: Aug 28, 2010
Comment #1

နီးနီးဖြစ်ဖြစ်
ဝေးဝေးဖြစ်
နေတတ်ဖို့ပဲလိုတာပါ
ငရဲဆိုတာစိတ်ကဖန်တီးတာ

စိတ်ကို စိတ်နဲ့ ကြည့်
အရှိကိုအရှိအတိုင်းလက်ခံ
ကြိုမသိနှိုင်တဲ့ မှန်းဆခဲခက်

commentinfo By: ဖြိုးဖြိုး at Aug 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment