Professional Authors

ချစ်သူ့ဆုတောင်း

ကြင်နာခြင်းထပ်
ရင်ခွင်အပ်လို့
မေတ္တာပုံပေး
အချစ်ဆေးအား
သူမထံပါး
လိုအပ်သောခါ
ဖေးကူမလို့
တိုင်ပင်သည့်ဖော်
ဝမ်းသာဝမ်းနည်း
ပြောဆိုကြံစည်
ဆောင်ရွက်ရာတွင်
ကောင်းသည်ဆိုးသည်
ဝေဖန်ပြန်လို့
အနားနားကပ်
အမျက်မထား
တသက်အားမို့
တူယဉ်တွဲဖော်
ရှေ့ရေးမျှော်လို့
ဘ၀ခရီး
တူလျှောက်နီးဖို့
လှမ်းသောလက်တွေ
တွဲလက်ရယ်တဲ့
ညီပါစေသား…………………………………။

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

အဝေးဆုံးကငါ မင်းဆီရောက်ဖို့ 
ပြန်လာချင်သည် တီတီတာတာ
ချစ်သူ့ စကားကြားချင်နေတာ..
လေပြည်လေးရယ်ပြောပေးပါ………..
တစ်ချိန်တုန်းက အဓိပတိလမ်းမှာ
အတူလျှောက်ခဲ့မိုးချစ်သူသို့
ငါတမ်းတကြောင်း
မိုးစက်ပွင့်လေးပြောပေးပါ….

commentinfo By: မီမီ at Aug 19, 2010
Comment #2

sound great

commentinfo By: ei lay at Jan 13, 2012
Comment #3

myar myar su taung par d,,

commentinfo By: ei lay at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment