Professional Authors

သွေးမျက်ရည်

ရင်ဘတ်က ငိုတယ်

နှလုံးသားက ရယ်တယ်

ဦးနှောက်က ငါ့ကိုလှောင်တယ်

မျက်ဝန်းတွေက ပြုံးပြတယ်

အဆုံးမဲ့လို့ အဆုံးမရှိခဲ့ပေမယ့်

အဆုံးသတ်မှာ အရှုံးမပေးချင်လို့

အဆုံးခံလိုက်ရတဲ့ …

ငါ့မာန …

ငါ့အတ္တ …..

ငါ့သိက္ခာ …

ငါ့နာမည် …

လောကရဲ့တစ်ဖက်မှာရှင်သန်နေဖို့ …

ငါ့ကိုယ်ငါပြန်မြေမြုပ်လိုက်တယ် …

အရေအတွက်များပေမယ့် အရည်အချင်းမရှိတဲ့ငါ့နှလုံးသားက

တိုးတိုးတိတ်တိတ်တောင်းဆိုသံက …

ငါ မင်းကို အဝေးကဖြစ်ဖြစ်

အနီးကဖြစ်ဖြစ် .. ဘယ်လိုဖြစ်ဖြစ်

ချစ်နေခွင့်တော့ လိုချင်တယ်တဲ့ ….

ငါ အတ္တများကြီးသွားသလားမသိပေမယ့်

ငါ့ဦးနှောက်က သွေးတွေစီးကျတယ် …….

                                                   (အရိပ်)

In: ကဗျာ Posted By: Date: Aug 17, 2010
Comment #1

လာရောက် အားပေးသွားပါတယ်…
ခံစားချက်နဲ့ ထပ်တူမို့လို့ ရင်နဲ့ခံစား ဖတ်ပေးသွားပါတယ်.

commentinfo By: Linn Htet at Aug 17, 2010
Comment #2

အဆုံးသတ်မှာ အရှုံးမပေးချင်လို့

အဆုံးခံလိုက်ရတဲ့ …

ငါ့မာန …

ငါ့အတ္တ …..

ငါ့သိက္ခာ …

ငါ့နာမည် …

လောကရဲ့တစ်ဖက်မှာရှင်သန်နေဖို့ …

ငါ့ကိုယ်ငါပြန်မြေမြုပ်လိုက်တယ် …

commentinfo By: မေပျို at Dec 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment