Professional Authors

ဘာလို့………

ချစ်သူ
သိပ်လွမ်းနေကြောင်းတောင်
ပြောခွင့်မရှိခဲ့ပါလားကွာ
ဘာလို့ ကံတရားကရက်စက်
ငါ့ကိုပဲ ပက်ပက်စက်စက် ဒဏ်ပေးနေတာလဲ

ချစ်သူ
ငါလွမ်းမျက်ရည်ဝေနေလဲ
အရင်လို သုတ်ပေးမဲ့နင် အနားမှာမရှိပါလားကွာ
ဘာလို့ ငါ့တစ်ယောက်ထဲပဲ အဆက်မပြတ်
ဒဏ်ရာတွေ အထပ်ထပ်ပေးနေတာလဲ

ချစ်သူ
ငါလေ နင့်အနားမှာပဲ နေချင်တယ်
ကိုယ်လဲတူတူပါပဲလို့  ပြောမယ့်နင်ရော
ဘာလို့  ငါ့အနားမှ မရှိ
အရာရာဟာ နတ္ထိဖြစ်နေရတာလဲ

ချစ်သူ
ငါလေ နင့်ကို အရမ်းကို နားလည်ပါတယ်
နင်လဲ ငါ့ကို ဒီအတိုင်းပဲမဟုတ်လား
ဒါနှင့်များတောင်မှ
ဘာလို့ ငါတို့  မိုင်များစွာဝေး
နေ့  တိုင်းဆွေးနေရတာလဲ

 

ကြက်ခြေခတ် X

6.810 thurs 12:17 pm 


In: ကဗျာ Posted By: Date: Aug 5, 2010
Comment #1

ငါ့ကို ငိုအောင်လုပ်နေတာလား ကြက်ခြေခတ်ရေ…

commentinfo By: ရှင်ထိပ်ထား at Aug 6, 2010
Comment #2

ဘာရို့ရဲ သယ်ရင်းရဲ့…
ငါရင်ထဲကနေပေါက်ကွဲပြီး ထွက်လာတာလေ..
သိပ်သတိရတာပဲဟာ

commentinfo By: ကြက်ခြေခတ် at Aug 6, 2010
Comment #3

oh,,,,,,,
really excellent

commentinfo By: ei lay at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment