Professional Authors

တောင်ပံလေးသို.တောင်းပန်ခြင်း

အားလုံးပီးဆုံးခဲ့ပါပြီ
ဆင်ဖြူမျက်နှာ
ဆင်မည်းမကြည့်ဝံ့တော့ပါဘူး။

တောင်ပံလေးကမမှားခဲ့ဘူး
ခြေထောက်တွေကမှားတာ
အခုတော့ ကျော့ကွင်းတွေနဲ.ထွေးရစ်
မင်းကို အရုန်းခိုင်းသင့်သလား။

ကံကြမ္မာကျားကွက်အရွေ.မှာ
ငါဟာ
ငါမုန်းတဲ့လူစားမျိုးဖြစ်နေမှန်းသိလိုက်တယ်။

သိပ်တော့မထူးပေမယ့်ပြောပါရစေ
အဲဒီတုန်းက မညာခဲ့ပါဘူး
ဒါပေမယ့် ညာခဲ့တယ်လို.ပဲ သဘောထားပေးပါ
ဆင်ခြေတွေလည်းမပေးတော့ပါဘူး။

မင်းငါ့ကိုမုန်းပါလေ
ငါ့ကိုငါမုန်းတာကိုတော့ မမှီနိုင်ပါဘူး။    ။

In: ကဗျာ Posted By: Date: Jul 31, 2010
Comment #1

ကိုမော်နီရဲ့အရင်ကဗျာတွေနဲ့စာရင်…ပုံစံတစ်မျိုးခွဲထွက်နေသလိုပဲ

commentinfo By: နော်ဧရာဝတီ at Jul 31, 2010
Comment #2

ဟုတ်လား။မသိဘူးလေ

commentinfo By: mawni at Jul 31, 2010
Comment #3

လက်နာနေတယ်ဆို ………

commentinfo By: purplelover at Aug 1, 2010
Comment #4

အဲ့တုန်းကမညာခဲ့ဘူးဆိုတော့…
ခုတော့ရော..ဟီး…

ကိုယ့်ကိုယ်ကိုမုန်းမိတာကတော့ အဆိုးဆုံး ခံစားချက်ပဲဗျ….
ပြေဖို့လည်းခက်တယ်…
ဘာလို့ဆို ကိုယ့်စိတ်နဲ့ကိုယ်လေ…..

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #5

အလန်းသားဗျ
ကျွန်တော့်အတွက်ရေးထားသလားအောက်မေ့ရတယ်

commentinfo By: ဒဿ at Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment