Professional Authors

ကိုရုပ်ဆိုး – နရီထက်

တို့အသံလေးက အေးတယ်
စကားပြောကောင်းတဲ့ ကောင်လေးတဲ့
ဓါတ်ပုံလေးပြပါ
တို့ ရုပ်လေး ဆိုးပါတယ်ကွယ်
မမရယ်
တကယ့်ပြောတာလား
ချာတိတ်ရယ်
တို့ရုပ်လေးက မလှပါတယ်
မမရယ်
တို့ရုပ်လေးဆိုးတော့
စိတ်အားလေးငယ်မိတယ်
ဂုဏ်မရှိတော့ တကယ်
မျက်နှာမပြရဲတယ်
ချစ်မမရယ်
မမကိုလေး
တိတ်တခိုးလေး ချစ်ပါရစေလား။     ။

နရီထက်
( ၂၆ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 26, 2010
Comment #1

နရီထက် ရဲ့ ကဗျာတွေကိုအရမ်းကြိုက်မိသွားပြီနဲ့ တူတယ်ဗျာ … စိတ်ထဲမှာ …
အပန်းမကြီးဘူးဆိုရင် နရီထက်ရဲ့  ဂျီမေးလ်လိပ်စာလေးလည်းလိုချင်ပါတယ် ။
ကဗျာကြိုက်တဲ့  ,
ကိုဇာဏီ … ။

commentinfo By: ကိုဇာဏီ at Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment