Professional Authors

လူသားဆန်တဲ့ဘဝ

အဖေါ်ကွဲတဲ့ ငှက်တွေ
စိတ်ရှိလက်ရှိ မပျံသန်းနိုင်ကြဘူး
မိုးကောင်းကင်က ကျယ်ပြောသလောက်
ငါတို့ ဘ၀တွေ သေးငယ်လွန်းတယ်
မုသားတွေ အပြည့် နဲ့ လမ်းကိုလျှောက်ဖို့ 
ဆွဲကိုင်ဖို့ လက်တစုံလိုတယ်..။
ကိုယ့်အမြီးတောင် ပြန်ကိုက်ဝံ့တဲ့ကောင်တွေ
အလိုကြီးလှချည်ရဲ့ …
ငါ့မှာလေ ငါ့အတ္တကို
ငါပြန်သိမ်းထုပ်ထားနေရ..။
ချစ်သူ
 မင့်အသားအရေလောက်တောင်
ဘယ်အရာကမှ မစင်ကြည်ခဲ့ဘူး..။
နံရံတွေဟာ နားတွေသာပါတာ
နှလုံးသားမှ မပါကြပဲ..။
ငါတို့ ဘ၀တွေတောင်
ငါတို့ မကာကွယ်နိုင်တော့..
ကမ္ဘာမီးလောင်ရင်
သားကောင်လည်း ချနင်းရမှာပဲ..။

In: ကဗျာ Posted By: Date: Jul 25, 2010
Comment #1

နေတက်ရင်ကျေစရာတွေများပါတယ်ကွာ
တနည်းတွေးကြည့်ရင် အဖေါ်ကွဲလို့မပျံနှိုင်တော့ အတောင်ညောင်းသက်သာတာပေါ့ ။
ကမ္ဘာကြီးတောင်မီးလောင်နေမှတော့ သားကောင်ချနင်းလည်းကိုယ်ကတော့အပူမသက်သာနှိုင်ပါဘူးကွာ ။
ကဗျာလေးကကောင်းပါတယ် ကျောကိုဖတ်တယ့်လူက အမြင်စောင်းနေတာခွင့်လွှတ်ပါ ။

commentinfo By: နွေးနွေး at Jan 3, 2011
Comment #2

အမြင်မစောင်းပါဘူး ကိုနွေးနွေး….ကျွန်တော်လည်းအ ခုတော့အဲလိုပဲမြင်ပါတယ်…..လူတယောက်ရဲ့ လှည့်စားခံရချိန်တုန်းက စိတ်ချင်ပေါက်ပေါက်နဲ့ ရေးထားတာလေး အမှတ်တရတင်ထားတာပါ…..။

commentinfo By: phyowai at Jan 3, 2011
Comment #3

ကဗျာမှာ ခံစားချက်တွေ ပေါက်ကွဲသလိုဖြစ်နေပေမဲ့ တစ်မျိုးလေးကောင်းပါတယ်။

commentinfo By: lighthunter at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment