Professional Authors

“နေမ၀င် အလွမ်း”

တစ်ချို့ လူတွေကတော့ ပိုတယ်ထင်ကြမှာပဲ
လေကလေးတစ်ချက်တိုက်လို့ 
မျက်လွှာလေးအောက်ငိုက်စိုက်ရ

င်တောင်
ချစ်ရတဲ့ နင့်ကို လွမ်းချင်တယ် …

နင့်အကြောင်းစဉ်းစားပြီး
တွေးမိတဲ့နေ့ တွေဆို
ငါဘာစားစားချိုနေရောပဲ
နင်ဟာငါ့အတွက် Bee Pollen လားမှတ်ရတယ် …

သတိရလို့ တမ်းတမိရင်
နင့်အသံကို စိတ်ကူးနဲ့ ကြားယောင်တယ်
နင့်ပုံရိပ်ကို အတွေးနဲ့ ပုံဖော်ကြည့်လို့ 
နင့်နာမည်လေး နှုတ်ဖျားပေါ်တင်ရွတ်တာ
ပျော်ရွှင်ခြင်းလို့  အသံထွက်ပြီး
သံယောဇဉ်လို့  အဓိပ္ပာယ် ရတယ် …

ဘယ်လောက်များတောင် ရူးမိသလဲဆို
ငါ့အသိဥာဏ်တရားကို
နင့်အတွက် ငယ် ထားချင်တယ် …
ငါ့ခံစားချက်ကို
နင့်အတွက် ချန်လှပ်ထားချင်တယ် …

ရူးတယ်လို့ ပဲပြောပြော
ကြောင်တယ်လို့ ပဲထင်ထင်
ဖြစ်နိုင်ရင်
အရင်လိုနေ့ တွေကို
ငါ ပြန်လိုချင်တယ်ဟာ …

နင့်ကိုမမြင်ရရင်လည်း နေပါစေ
နင့်အသံမကြားရရင်လည်း နေပါစေ
နင့်ကိုချစ်နေရတယ်ဆိုတဲ့  အသိနဲ့ တင်သာ
ဒီအိပ်မက်တွေကို ဆက်မက်ခွင့်ပြုပါဟာ …

ခပ်ဆန်းဆန်းပဲ လွမ်းလွမ်း
ခပ်ကြမ်းကြမ်းပဲ လွမ်းလွမ်း
ခပ်လန်းလန်းပဲ လွမ်းလွမ်း
အလွမ်းဟာ အလွမ်းဖြစ်တာမို့ 
ငါနင့်ကို အရမ်းချစ်တယ်ဗျို့ …။

p.s=(အောက်ဆုံးအကြောင်းကို အသံပြင်းပြင်းနှင့်အော်ဖတ်ပေးရန်။)

♥MOESUTNAY♥
22.6.2010

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

အလွမ်းတွေကို ပုံဖော်ပေးတာ တစ်ချိန်က သူ့အနမ်းေ
တေတွပြန် သတိရမိတယ်
ဘာဘဲဖြစ်ဖြစ် လွမ်းလို့ကောင်းတဲ့ ကဗျာဘဲဗျာ

commentinfo By: yeyintthu at Jan 20, 2013
Comment #2

wow,,
lone wa ko lann de
yae le khike twar p.

commentinfo By: ei lay at Jan 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment