Professional Authors

မိန်းကလေးရယ်

နင်လုပ်ချင်သလိုလုပ်ရာတာပျေ

ာ်လား

ငါ့စိတ်ခံစားမှုကိုကြိုးဆွဲချယ်လယ်လို့

ငါဆွဲထားတဲ့တဝက်တစ်ပျက်ပန်းချီကားတစ်ချပ်
မှိုင်းအတိုက်ခံလိုက်ရတယ်
မျက်ရည်တွေစို့လို့

နေတတ်ရင်ကျေနပ်စရာကောင်းတဲ့ဒီလောကမှာ
အချစ်ဆိုတာသရဲအချောက်ခံရတာထက်
နှစ်ဆလောက်ပိုကြောက်ဖို့ကောင်းမှန်မသိခဲ့လေဘူး

နှုတ်ခမ်းလေးနှစ်လွှာကြားကအသံအချို့က

လူတစ်ယောက်ဝိညဉ်ကိုဆေးသုတ်နိုင်လိမ့်မယ်မထင်ခဲ့လေဘူး

သူဒီလိုလုပ်ရင်ငါဒီလိုဖြစ်မယ်မှန်း
မသိလေရော့သလား

လုပ်ရက်တာလား

မသိတတ်တာလား

ငါ့ရင်ကိုခွဲဖို့များမွေးဖွားလာလေသလား မိန်းကလေးရယ်

In: ကဗျာ Posted By: Date: Jul 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment