Professional Authors

ငါသာ…..(ဖြစ်ခဲ့ရင်)

 

ငါသာ…..!!!!!

 

ငါသာ မင်းတုန်းမင်းဆိုရင်….

မင့်ကို အပိုင်သိမ်းပစ်လိုက်မယ်…

(တယ်!!!…တော်တန်တိတ်!!!!.. မုန်းတယ် ဆိုတဲ့ စကားကို အလျှင်းမကြားချင်ဘူး…ကဲကဲ..

မောင်မင်းများ..ဒီသူငယ်မအား ရွှေနန်းတော်သို့ ဝေါယာဉ်နဲ့ အမြန်သာ ပင့်ဆောင်စေဗျား…)။

 

ငါသာ သန္ဒောယက္ခဘီလူကြီးဆိုရင်….

မင့်ကို ငါ့လက်ဖ၀ါးထဲမှာ အမြဲထည့်ထားမယ်….

(ဟင့်အင်း…အာခံတွင်းထဲမှာတော့ မထည့်ချင်ပါဘူးဗျာ…တော်ကြာ သူ အာပုပ်စော်နံနေမှာ ကြောက်လို့…နောက်-

လက်ဖ၀ါးထဲ ထည့်ထားတော့ အမြဲတမ်း မြင်နေရတာပေါ့….ဟဲဟဲ..ဇော်ဂျီရန်ကလည်း ကြောက်ရသေးတယ်

မဟုတ်လား….)။

 

ငါသာ လီယိုနာဒိုနာဗင်ချီ ဆိုရင်….

‘ မိုနာလီဇာရဲ့ အပြုံး ‘ ကို ဆွဲခဲ့တဲ့ အောင်မြင်မှုအတွက် အရှက်ရမိမှာပဲ…

(သူသာ မင့်ရဲ့အပြုံးကို မြင်သွားခွင့်ရခဲ့ရင် ပန်းချီဆွဲမဲ့ စုတ်တံတောင် လွတ်ကျသွားလောက်တယ်သိလား…)။

 

ငါသာ ကမ္ဘာကြီးဆိုရင်…

နေကို ပတ်မနေတော့ပါဘူး…

မင့်နားမှာပဲ တစ်ဝဲလည်လည် ပတ်နေတော့မယ်…

( ‘အဝေးကို ရောက်စေတော့’ ဆိုပြီး မင့်လက်ချောင်းကလေးတွေနဲ့ ဇယ်တောက်သလို

ငါ့ကို တောက်မပစ်ပါနဲ့နော်..)။

 

ငါသာ အိုင်စတိုင်းဆိုရင်…

E=mc2 ဆိုတဲ့ formula ကို ထုတ်မယ့်အစား

မင်း=(ငါ့ဘ၀)∞(infinity)  ဆိုတဲ့ formula ကို ထုတ်ပစ်လိုက်မယ်…

( E=mc2 အရ hydrogen တွေဟာ အလွန်ပြင်းထန်တဲ့ အဏုမြူစွမ်းအင်ဖြစ်လာသလိုပဲ

မင်း=(ငါ့ဘ၀) အရ ငါ့အချစ်တွေဟာလည်း မင့်အပေါ်မှာပဲ ထပ်ကာထပ်ကာကျရောက်နေလို့

မင်းကသာ ငါ့အချစ်အက်တမ်လေးတစ်လုံးကို ခါချလိုက်ရင် ငါ့ဘ၀ကြီး ဒလိမ့်ကောက်ကွေး ဖြစ်သွားလောက်ပါရဲ့…)။

 

ဒါပေမယ့်…ဒါပေမယ့်…

အခုတော့..

ငါသာ ငါပဲ ဖြစ်နေတဲ့အတွက်ကြောင့်..

မင့်ကို (ခပ်လှမ်းလှမ်းက) လှမ်းချစ်နေရုံကလွဲပြီး…

ဘာမှ………..ဘာမှ…။

                             July 21, 2010, 8:08:12 PM

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Jul 22, 2010
Comment #1

formula ကိုတော့ကြိုက်သွားပြီး …..

commentinfo By: thukhacho at Jul 23, 2010
Comment #2

Excellent:
Poems tway ko a yann ko phan tee yaee phwe tat ta lo a lwe ta ku le phat see pyit yet de naw.
everstand ka Poems tway yaee phwe ya tar a yann ko lwe ku lun nay pone pe naw.

Ei ka dot Poems tway ma yaee tat par bu.
but,,poems tway ko chit de. Tan phoe htar de. Poems tway ko phyat see pyit yin a yann khan sarr ya de.
Poems tway hmar bar a pyit hma ma Shi par bu.
Plz,,plz,,,plz,,,
Kyay zuu pyu p ma phyat see pyit par ne lar shin.

Poems tway ko phyat see pyit tar a yann khan sarr ya de.
A yann sate ma kaung bu.
:'(

Ei yaee de,,ei pine de poems tway ma hote hman ti par de.
Ei hmar pyaw pine kwint le ma Shi par bu.
Ei taung so tar par shin.

commentinfo By: ei lay at Apr 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment