Professional Authors

ရွှေပွဲလာ (သုခမိန်လှိုင်)

ဘဝရဲ့ဆန်းကြယ်မှုတွေ မေ့မောထားမှ
သက်သာရာရမှာမို့
ငါတို့ဟာ ဆပ်ကပ်ပြပွဲထဲမှာ
ရွှေပွဲလာ။

ခွေးက မီးကွင်းထဲ ဒိုင်ဗင်ထိုး
လူက ခြင်္သေ့ပါးစပ်ထဲ ခေါင်းဝင်
ကြိုးတန်းပေါ် လမ်းလျှောက်
ဘားတန်းပေါ် ခုန်လွှဲ
ဆင်တစ်ကောင်လုံး အနင်းခံ
ကျားတစ်ကောင်လုံး အနမ်းခံ
သံချောင်းတွေ စားပြ
ဓားတွေပေါ် အိပ်ပြ။

အိမ်ပြန်ရောက်မှ
ဒီထက်မဖြစ်နိုင်တာတွေလုပ်ခဲ့တဲ့ ငါ့အရိပ်ဟာ
ရိပ်ခနဲ။

June 06, Idea Magazine
ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ ကဗျာစာအုပ်ကပါ။ စာအုပ်ကို ရွှေဝါပြည် ကနေတစ်ဆင့်ရတာပါ

Leave Comments

Name*

Email*
Website
Email me whenever there is new comment