Professional Authors

နေ့ရက်များစွာကိုဖြတ်သန်းနေသော

 

ငါတို့တက်ခဲ့တဲ့ ကျောင်းတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့ နေထိုင်မှုတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့ ဆံပင်ပုံစံ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့ အသားအရေတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့ ခန်ဓါဗေဒအလုပ်လုပ်ပုံတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့စိတ်ခံစားမှုတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ရဲ့ ခံယူချက်တွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ မျှော်လင့်ခဲ့တဲ့အရာတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ ဆုံဆည်းခဲ့တဲ့ အရာတွေ

အရင်လိုမဟုတ်တော့ဘူး။

ငါတို့ လျှောက်ခဲ့တဲ့လမ်းတွေ

အရင်လိုမဟုတ်တော့ဘူး။

အရင်လိုမဟုတ်တော့တာတွေ အထဲ

အရင်လိုပဲဖြစ်နေတဲ့

အနောက်ဘက်အရပ်

နေဝင်သွားတာရပ်ကြည့်ရင်း

“သူငယ်ချင်း”

ငါတို့အသက်တစ်ရက်

ပိုကြီးလာပြီ။

ငါတို့သေရမယ့်ရက်

ပိုနီးလာပြီ။      

In: ကဗျာ Posted By: Date: Jul 20, 2010
Comment #1

အရင်လိုမဟုတ်တော့တာကို သိရက်နဲ့ အရင်အတိုင်း ဖြစ်ချင်တဲ့အခါ
ဘယ်ခါမှ ပြန်မရတော့တဲ့ လူငယ်ဘ၀အတွက် ၀မ်းနည်းမိပါတယ်…။

btw bro.
ခန်ဓါဗေဒ ကို ခန္ဓာဗေဒ လို့ ပြင်ပေးနော်….း) (It may be typing prob: )
ထောက်တယ် မထင်ပါနဲ့နော်…
စကားလုံးလေးတွေရဲ့ အတွေးသဘာဝအလှတရားကို ပြည့်စုံစေလိုတဲ့ စိတ်နဲ့ပါ…

ချစ်ခင်စွာ
ဂျွန်မိုးအိမ်

commentinfo By: John Moe Eain at Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment