Professional Authors

ဖုန်းထဲကမင်းအသံ တိတ်တခိုး နားထောင်နေမယ် – နရီထက်

ရင်မဆိုင်ရဲသူ ဖုန်းသရဲလေးလို့
မင်းပြောလေမလား
ငါ ခံရဲတယ်
နှိပ်စက်တတ်သူ
အိပ်ရေးပျက်တာများလာပြီး
ဖုန်းကြိုးလေးဖြုတ်လိုက်မယ်
မင်းရဲ့သတိပေးသံ
ရင်မှာ မခံစားရဲပါ
ရင်ခုန်သံတွေ မရပ်ဆိုင်းရဲပါ

မင်းရဲအသံ ကုဋေကဋာ
သံသာချိုတေး
ငါ မှတ်နေတယ်
စိတ်ဆိုးမူယာ ချော့တစ်လှည့်
ခြောက်တစ်လှည့် မင်းရဲ့လေပြေလေးက
ငါအဖို့ မြီးကောင်ပေါက်စချာတိတ်လေးလား

ထမင်းမစားချင်သေးဘူး
စာတွေ မကျက်ချင်သေးဘူး
အဖေအော်မှာ ငါ မကြောက်ချင်သေးဘူး
စိတ်ကူးနှင့်ရူးဖို့လေး
လေလှိုင်းကြားက မင်းရဲ့ရင်ခုန်သံတွေ
နားထောင်ချင်သေးတယ်
မအိပ်သေးပါနဲ့ ကလေးရယ်
ကိုယ့်ဖုန်းသံလေးကို စောင့်နေပေးပါကွယ်။       ။

နရီထက်
( ၁၇ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 17, 2010
Comment #1

စိတ်ဆိုးမူယာ ချော့တစ်လှည့်
ခြောက်တစ်လှည့် မင်းရဲ့လေပြေလေးက
ငါအဖို့ မြီးကောင်ပေါက်စချာတိတ်လေးလား
ဟုတ်ပါတရ် သူထင်ပါလိမ့်မယ် သူ့ကိုရင်မဆိုင်ရဲဘူးတဲ့ညီမက
ညီမမမှားဘူးလို့ထင်ပါတရ်
ညီမလဲမြီးကောက်ပေါက်စတကယ်ပဲဖြစ်ခဲ့ပါတရ်
ညီမအဲဒီတွက်နောင်တရမိတရ်နော်

commentinfo By: ayeayethi at Aug 14, 2010
Comment #2

ကဗျာကခံစားချက်တွေကိုလှမ်းမြင်နေရတယ်သိလား

commentinfo By: စုနိုင် at Nov 16, 2010
Comment #3

တပုဒ်လုံးကောင်းတယ်။ဒီကဗျာကိုအရမ်းကြိုက်တယ်။ဒီလိုချာတိတ်ကဗျာလေးတွေများများရေးနိုင်ပါစေ။ok,

commentinfo By: 92icon at Dec 17, 2010
Comment #4

😛
😛
😛
He.he.
100% like.

commentinfo By: ei lay at Dec 27, 2012
Comment #5

miss my childhood.

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment