Professional Authors

သင်းကွဲ

တကယ်ပါ
ခပ်ဝါးဝါးအပြုံးတွေနောက်လိုက်ရင်း
ငါရေချိန်ကိုက်ခဲ့ဖူးတယ်

ပုခုံးပုတ် ကျောသတ် .. အဲဒီလိုချီးမြှောက်တွေအတွက်
ချောက်ဆိုတာသိရက်နဲ့  မရေတွက်နိုင်အောင် ခုန်ဆင်းဖူးတယ်

မတရားမှန်းတော့သိပါရဲ့
ဒီကြောက်စိတ်ကြောင့် လူဖြစ်လဲရှုံး
အားမတန်မာန်လျှော့တဲ့ မချိပြုံးတွေလဲ ပြုံးဖူးတယ်

ပြီးစလွယ်မှတ်ချက်တွေနဲ့ အဖျားမရှိတဲ့သီအိုရီတွေကြားမှာ
အသက်၀၀မရှုခဲ့ရတဲ့ညတွေ အကြိမ်တရာမကဖြတ်သန်းဖူးတယ်

မျှော်လင့်ချက်ဆိုတဲ့ဝေါဟာရကို ပက်ပက်စက်စက်ဆဲရေးပြီး
မီးမရှိတဲ့ထောင့်တစ်ထောင့်မှာ နာရီပေါင်းများစွာထိုင်ငိုဖူးတယ်

အဲဒီလိုတွေနဲ့ 
မဆုံးသေးတဲ့ ငါ့ကဗျာကိုအဆုံးသတ်ဖို့ ကြိုးစားတုန်း
ဟောဒီ ဆင်ခြင်တုံတရားက ….
ရုတ်တရက် လမ်းခွဲစကားဆိုတယ်

နှလုံးသားလက်မဲ့  နဲ့ လူတစ်ယောက်ပေါ့
နီယွန်မရှိတဲ့လမ်းမှာ လမ်းလျှောက်နေလေရဲ့ ….

In: ကဗျာ Posted By: Date: Jul 21, 2009  
Comment #1

ကောင်းပါတယ်။ တော် တော် ကောင်းတယ်။ လောကကြီးအကြောင်းကို တော်တော် ပြည့်ပြည့် စုံစုံ ရေးနိုင် ပါပေတယ်။လေးစားပါတယ် ဗျာ။

commentinfo By: Reinminn at May 14, 2010
Comment #2

thank you 🙂

commentinfo By: redoranda at May 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment