Professional Authors

Magician

Magician
တကယ်တော့ပြကွက်လေးတစ်ခုပါပဲ
တုတ်၊ဓါး၊ခွက်၊ကြယ်တွေနဲ့
ငါ့အိပ်မက်ခပ်ပျယ်ပျယ်တွေကို မြပ၀ါနဲ့ထုပ်ပြီး
ငါ
ရွှေလုပ်ပြခဲ့တာပါ။
ကြွေစရာမြေမရှိတဲ့ခရေလိုပေါ့
လေလာရာကျောပေးပြီး
ငါမွှေးချင်းတိုင်းမွှေးပစ်လိုက်ဖို့ပါပဲ။

ခက်တာက
တချို့တွေရဲ့ စူးစမ်းတဲ့မျက်လုံးတွေရဲ့ကြားမှာ
တချို့တွေရဲ့ ပါးစပ်အဟောင်းသားတွေရဲ့ကြားမှာ
အားလုံး ၀ါးခနဲပွဲကျသွားမဲ့စကားလုံးတွေလည်း
ရှာရသေးတယ်။
“ကြည့်မယ်!
ဒီတစ်ခါပြကွက်က
ကျွန်တော်လှည့်စားနေတာမဟုတ်ပါဘူး”
ငါ့အသည်းကိုထုတ်
မြပ၀ါနဲ့အုပ်ပြီး
မှော်တုတ်လေးကိုင်
ဂါထာတစ်ပုဒ် မန်းမှုတ်
အာချလောင်!
“_ _ _ _ _ “
In: ကဗျာ Posted By: Date: Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment