Professional Authors

သက်သေမလိုသောခံစားမှု့ 

ငါ့ မျက်ရည်ဟာ
မင်းကိုပျော်တော်ဆက်ဖို့ 
အပျင်းပြေစေဖို့ ကြာခံမြစ်တစင်းလို
ခုတစ်သွင်သွင်စီးဆင်း
ဟန်နီပို………..
လေလှိုင်းတစ်ခုကိုပူဇော်မိတဲ့ 
ငါ့ ရင်ခုံသံမှာ
ကာရန်မဲ့ တဲ့ ကဗျာတွေနဲ့
အချစ်ဟာသက်သေတစ်ခုခုရှိနေမှ
ပြီးပြည့် စုံတယ်ဆို
ငါ့ အချစ်ဟာအချစ်လို့ မခေါ်သင့် ပါဘူး
နှလုံးသားရူးထောင့် တစ်ခုထဲ့ က
ယိုဖိတ်လာတဲ့ ခံစားချက်ကို
အချိန်နဲ့ 
နေရာနဲ့ 
အရောင်နဲ့ 
ဘာသာစကားတစ်ခုစီနဲ့ 
လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု့ ဂုဏ်ဒြပ်နဲ့ 
သင်္ချာတွက်နည်းတစ်ခုနဲ့ 
ကိန်းဂဏာန်းတွေနဲ့ 
ဘောင်ကွပ်လို့ မရအောင်ကို
ကြီးကျယ်တယ်။
အဲ့ ဒါအချစ်တဲ့ ………….

မင်းလူန

In: ကဗျာ Posted By: Date: Jul 15, 2010
Comment #1

ပျော်တော်ဆက်ခဲ့ပေမယ့် မပျော်ခဲ့ပါဘူး………မောင်

commentinfo By: ............................ at Jul 16, 2010
Comment #2

nice poem

ngar a chit ka tet tay ma lo daw khan sar hmu,,
nin ye lit hlu shu hmu tway ko khan naing twar p,,
nin ye hle pyar tar tway ko khan naing yae shi twar p,,

commentinfo By: ei lay at Feb 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment