Professional Authors

ကံရုပ်သေးရုပ်

ပျောက်ရှခဲ့ရတဲ့ အိပ်မက်တွေအတွက်
ကြေမွခဲ့ရတဲ့ရင်ခွင်တစ်စုံ
အဆုံးသတ်မှာမုန်းချက်နာခဲ့ပေမယ့်
နှလုံးသားကအပြုံးမပျက်ဘဲ
အနာဂတ်ကိုလိုက်ရှာဆဲ
အတိတ်ဆိုတာက တားဆီးခဲ့လို့
ပစ္စုပ္ပန်မှာဖွာလန်ကြဲနေတဲ့အချိန်
ကံတရားကနှမ်းဖြူးပေးခဲ့တယ်
ဘယ်တတ်နိုင်မလဲ
ကံရုပ်သေးရုပ်ငါ… ကြိုးပျက်ခဲ့ရတော့
ကံကြမ္မာကြိုးဆွဲရာမကနိုင်တဲ့အခါ
ကြိုက်သလိုသာအပြစ်ပေးလှည့်ပါတော့
အယူခံမ၀င်တော့ပါဘူး………

In: ကဗျာ Posted By: Date: Jul 15, 2010
Comment #1

စကားလုံးရှာတာကတော့ ဆရာပဲ
ထိထိမိမိလေး မိုက်တယ်ဗျာ

commentinfo By: lu min Aung at Jul 15, 2010
Comment #2

ကြိုက်သလိုသာအပြစ်ပေးလှည့်ပါတော့
အယူခံမ၀င်တော့ပါဘူး………

commentinfo By: sone.pyuu at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment