Professional Authors

စိတ်ညစ်တာတွေ (သုခမိန်လှိုင်)

အငြိမ့်ရှိတယ်
မင်းစိတ်ညစ်တာတွေ မပြောနဲ့
အငြိမ့်ရှိတယ်
ငါစိတ်ညစ်တာတွေ မပြောဘူး
အငြိမ့်ရှိတယ်
မင်းကြားတဲ့ ပြက်လုံးတွေ ငါ့ကိုပြောပါ
အငြိမ့်ရှိတယ်
ငါကြားတဲ့ ပြက်လုံးတွေ မင်းကိုပြောမယ်
အငြိမ့်ရှိတယ်
စိတ်ညစ်တာတွေ မပြောကြေး

သုခမိန်လှိုင်

/* ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အငြိမ့်ဆိုတဲ့ ကဗျာစာအုပ်ကပါ။ */

Comment #1

😀
စိတ်ညစ်တာတွေ မပြောကြေး

commentinfo By: John Moe Eain at Jul 15, 2010
Comment #2

ကောင်းလိုက်တာ..

အငြိမ့်ရှိနေတာပဲ

ဘာစိတ်ညစ်စရာရှိလဲနော်။

commentinfo By: Lavender at Aug 6, 2010
Comment #3

ဒီ site က
ကျွန်တော်ဖတ်နိုင်တာထက်ကို
ကဗျာတွေ မနိုင်မနင်းသီးနေတဲ့ အပင်ကြီးလိုပဲ ။
နေ့နေ့ညည
လောဘတကြီး
ကဗျာသီးတွေ လာခူးဆွတ်နေမိ ။

commentinfo By: လင်းဒီပ at Sep 4, 2010
Comment #4

Likes 🙂

commentinfo By: lianno at May 31, 2012
Comment #5

nice

commentinfo By: ei lay at May 31, 2012
Comment #6

တကယ်တော့ဗျာ ကေးရယ် …… ကိုယ့်ပုံပြင်တွေနဲ့တော့ ကိုယ့်ကိုကိုယ်ဖြေသိမ့်နေရတာပါပဲ တစ်စုံတစ်ခုကို လွမ်းဆွတ်နာကျင်နေရပြီဆိုရင် ဒါဟာကိုယ့်ကိုကိုယ် အလေ့အကျင့် လုပ်မိတာပဲလို့ ဟောသည်က သူရဲကောင်းကြီး ဖူးဖရိုတ်ဒေးကပြောတော့တာပါပဲ ။ အဲသည်မှာ ကေးလဲပန်ဒါ ကိုယ်ကလဲဝက်ဝံ တို့လက်သည်းတွေနဲ့ တို့ကိုတို့ ပြန်ထိရှမိသလိုမျိုးပေါ့လေ ။

commentinfo By: fullfriday at Aug 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment