Professional Authors

July ကိုငိုစေသူ

ရွာလိုက်စမ်းပါမိုးရယ်
ရင်ထဲမှာပူလောင်နေတာတွေ
အေးချမ်းသွားအောင် ရွာလိုက်စမ်းပါ…………
အချစ်ကြောင့်ကျတဲ့ ငါ့ရဲ့မျက်ရည်တွေကို
ဖုံးလွှမ်းသွားအောင် ရွာလိုက်စမ်းပါ………….
မိုးနဲ့အတူပျောက်သွားတဲ့ချစ်သူကို
မိုးထဲမှာလိုက်ရှာမယ်×××
ပြန်လာပါတော့ချစ်သူရယ်လို့
မိုးခြိမ်းသံနဲ့အပြိုင်အော်ဟစ်လိုက်ချင်တယ်……………
တ၀ုန်းဝုန်းတိုက်နေတဲ့လေတွေနဲ့အတူ
ငါစောင့်နေဆဲဆိုတာကို သတင်းစကားပါးလိုက်ချင်တယ်×××
လျှပ်ပြက်သလို မျက်စိတမှိတ်အတွင်းမှာ
မင်းပျောက်သွားခဲ့ပေမယ့်
ငါ့နှလုံးသားကို မိုးကြိုးပစ်သလိုခံစားခဲ့ရတာကို
July ရယ် ငါရယ်အသိဆုံးပါ×××
ရက်စက်ရက်တဲ့ချစ်သူ မင်းလှည့်စားသွားခဲ့ပေမယ့်
July နဲ့အတူငါမင်းကိုစောင့်နေမယ်
July နဲ့အတူငါငိုနေမယ်
မင်းကျေနပ်ပါတော့×××××××××

In: ကဗျာ Posted By: Date: Jul 12, 2010
Comment #1

မင်းလိုပါပဲ သူငယ်ချင်း ငါလည်းပဲ မင်းနဲ့အတူ JULY မိုးနဲ့အတူ အချစ်တစ်ခု ရောက်ရှိလာခဲ့ပြီး JULYမိုး ချိန်းသံတစ်ခုထဲမှာ အချစ်တွေပြန်ပါသွားခဲ့ဘူးတယ်။
မင်းလိုတော့ ပြန်လာပါလို့ငါမတောင်းဆိုပါဘူး ။ဒါပေမဲ့မင်းလိုပဲ JULYမိုး က ငါ့နှလုံးသားကိုနားလည်ပါတယ်။

commentinfo By: ကြယ်စင် at Sep 13, 2010
Comment #2

ဲJuly မှာငိုနေတဲ့သူကို အဖျားမိမှာစိုးလို့ ထီးလေးတစ်ချောင်း လက်ဆောင်ပေးချင်တယ်။
ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်ဆိုတဲ့ စာအုပ်လေးကို
ဖတ်ကြည့်စေချင်ပါတယ်။

commentinfo By: marlay at Sep 13, 2010
Comment #3

ဟုတ်အဲဒီစာအုပ်ကလေးကို ကျွန်တော်ဖတ်ခဲ့ဖူးပါတယ်

commentinfo By: ဒဿ at Sep 14, 2010
Comment #4

ဒသ၁ နဲ့ ခင်ချင်တယ်။ email account လေးသိချင်လို့ပါ။

commentinfo By: marlay at Sep 16, 2010
Comment #5

ဟုတ်ကဲ့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ခင်ဗျာ
email acc ကတော့ [email protected] ပါ

commentinfo By: ဒဿ at Sep 18, 2010
Comment #6

မင်္ဂလာပါ
email acc ပေးတဲ့အတွက်ကျေးဇူးပါ။ ms.zinmarwai နဲ့ invite လုပ်လိုက်မယ်နော်။

commentinfo By: marlay at Sep 22, 2010
Comment #7

ပန်လာပါတော့ချစ်သူရယ်လို့
မိုးခြိမ်းသံနဲ့အပြိုင်အော်ဟစ်လိုက်ချင်တယ်……………
တ၀ုန်းဝုန်းတိုက်နေတဲ့လေတွေနဲ့အတူ
ငါစောင့်နေဆဲဆိုတာကို သတင်းစကားပါးလိုက်ချင်တယ်×××

ဟုတ်တယ် ကိုလွမ်းနောင်ရေ တကယ် အော်ဟစ်ပီး သတင်း ပါးလိုက်ချင်တာပါ
ဒါပေမယ့် ဒီ july မှာ သူက နောက်တစ်ယောက်နဲ့ ဖြစ်ချင် ဖြစ်နေမှာ…..။

အားပေးသွားပါတယ်…..ဒီကဗျာလေးကို fb မှာ share လိုက်တယ်….။

commentinfo By: ကေသရီ at Jun 8, 2011
Comment #8

ငါ့နှလုံးသားကို မိုးကြိုးပစ်သလိုခံစားခဲ့ရတာကို
July ရယ် ငါရယ်အသိဆုံးပါ×××

commentinfo By: rabbit at Jun 8, 2011
Comment #9

ကိုလွမ်းနောင်..
ဒီကဗျာလေးဖတ်မိပြီ…ကျေနပ်နိုင်ပါစေ….

commentinfo By: poem.poem28 at Jun 8, 2011
Comment #10

🙁
:'(
:'(
:'(

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment