Professional Authors

ဒဏ်ရာဆိပ်

ရွာတတ်သလို ရွာလိုက်တာပါ
မိုးလို့ ဆိုချင်မှလဲ ဆို
ရွက်သစ်လို လို့
ရွက်ဟောင်းကြွေတာမျိုးတော့ မဟုတ်ပါဘူး
လက်သည်းဆိပ်လို့ လက်ထိပ်နာတာမျိုး ထင်ပါရဲ့
အဖြစ်က
အိပ်မက်မဆန်လိုက်တာ
စိတ်ကူးယဉ် ဆန်ဖို့များတော့ ဝေးပါသေးရဲ့
ပြောရရင်
ဘယ်အပေါက်လာမှ မှန်းသိရက်နဲ့
ကျောပေးပီး ဖမ်းမိတဲ့ ဂိုးသမားလိုမျိုး
ဘယ်သူ့ကိုမှ လဲ လက်ညှိုးမထိုးချင်တော့ပါဘူး
နောက်ဆုံးတော့
ကိုယ့်ရှေ့မှာ မှန်ထောင်
ပီးရင်
မှန်ထဲက အကောင်ကိုပဲ
ကျိန်ဆဲနေလိုက်တော့တယ်။

ကောင်းမြတ်

In: ကဗျာ Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment