Professional Authors

ကျွှန်ုပ်နှင့်ဘောလုံးပွဲ

ကြီးပွားရေးမှာ ခြေစစ်ပွဲမအောင်ခဲ့ ပေမဲ့
လူမှုရေးမှာတော့ ခံစစ်လုံအောင် ကစားနိုင်ခဲ့ပါတယ်
အချစ်ရေးမှာ အဝါကဒ် တစ်ခါအပြခံရပေမဲ့
အခုထိ ကိုယ့်ကိုကိုယ်
အသန့်ရှင်းဆုံးကစားသမားလို့

 ထင်ခဲ့တဲ့ကောင်
မိသားစုအရေးမှာ အမြဲတမ်း ဂိုးပေါက်လွဲလို့
ဘယ်တော့မှ ကျောနံပါတ်မရခဲ့တဲ့ကောင်
ပါတ်ဝန်းကျင်မှာလဲ အမြဲတမ်း လူကျွံတတ်လို့
ပုဒက်ရပ်တဲ့ မြင်းတစ်ကောင်လို အထာမကျတဲ့ကောင်
အဲဒီကောင်လေ
ဟောဒီ ဘဝ ဆိုတဲ့ကွင်းကြီးထဲမှာ
ပြေးလွှားနေလိုက်တာ
နှစ်၃၀ သာကြာသွားတယ်
အခုထိ ဘောလုံးနဲ့ခြေထောက်နဲ့မထိဘူး။

ကောင်းမြတ်
15.6.2010

In: ကဗျာ Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment