Professional Authors

အရှိထဲက မသိပုံပြင်

အရှိထဲက မသိပုံပြင်

  ရုပ်ရှင်ထဲကလို
ခေါင်းကိုတချက်မော့ ..
ခပ်ပေါပေါ သီချင်းတပုဒ်ထဲ
မျက်ရည်တွေ ရွက်လွင့်
အားလုံးဟာ ယိုင်လဲသွားတော့ မလိုနဲ့
ဘေးနားက လေပြေတွေနဲ့လိုက်လှဲ
ကောင်းကင်မှာ ခေါင်းငိုက်စိုက် ငေးမောကြည့်နေရင်းပေါ့
 
 ဇာတ်တော်ထဲကအတိုင်း
ဗျက်စောင်တစ်လက်ကိုဆွဲ
ငွေတောင်ပြည်ထဲ
မိုးရေတွေ ရွှဲနစ်
အလွမ်းတွေတငင်ငင်နဲ့
နွေဦးမြစ်ရေလို တိတ်ဆိတ်စီးမျှောနေရင်းပေါ့..

   ပုံပြင်တစ်ပုဒ်လိုဆို
ဘုရားအိုပျက်ထဲ မီးအိမ်ကိုလဲ လက်တွဲထားရမယ်
ဂစ်တာတစ်စင်းနဲ့ရင်ခုန်သံ တွေ စုထည့်
ယောင်ယောင်ရမ်းရမ်းပဲ အသံကုန်အော်ဟစ်ခဲ့တယ်
မီးခိုးဖြူတွေ တစ်လမ်းလုံး ကြဲလို့ပေါ့…

စိတ်တစ်ခုအောက်
မနေ့က(ဘယ်လိုပဲအချိန်တွေပြောင်း2 မနေ့ကလိုထင်နေတုန်းပဲလေ)
ငါမရောက်ခဲ့တဲ့ ဧဒင်ဥယျာဉ်ထဲ
သဲသဲမဲမဲ ကွဲလွဲခဲ့တဲ့ နေ့များ ညများ စကားလုံးများ
ဒီနေ့ အတွက် ခါးခါးသက်သက် နဲ့
အရှိကို မရှိသလိုနေရစ်လို့
ထားရစ်ခဲ့ပါတော့ကွယ်….

In: ကဗျာ Posted By: Date: Jul 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment