Professional Authors

အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ (သုခမိန်လှိုင်)

ဒီရှန်ပူနဲ့ဆို
သေခြင်းတရားတောင် လန်းဆန်းသွားမလား
ဒီနေကာမျက်မှန်နဲ့ဆို
အနာဂတ်ကို ဖောက်မြင်ရမလား
ဒီဖိနပ်နဲ့ဆို
ဝင်္ကပါအပြင်ဘက်ကိုထွက်နိုင်မှာလား
ကဗျာဖြစ်တဲ့ ကြော်ငြာတွေဟာ
စိတ်ဝင်စားစရာကောင်းပါတယ်

အင်္ကျီကိုတီထွင်ပြီးထဲက
ငါတို့ဟာ (ဟန်ကိုယ့်ဖို့)သက်သာရာ ရခဲ့ကြ
မျှော်လင့်ခဲ့ကြတဲ့ လှပတဲ့ကမ္ဘာ
ရေမွှေးများများ ဆွတ်ပါ
ဝတ်စုံထည်လဲ ၀တ်ပါ
ထိပ်ပေါက် ခေါင်းကွဲ
အပြင်ထွက်လာတဲ့ ဒဏ်ရာတွေဆိုရင်တော့
ရောင်စုံပတ်တီးလှလှ
စည်းပြလိုက်ကြတာပေါ့။

သုခမိန်လှိုင်

Jan 06, Idea Magazine

ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ ကဗျာစာအုပ်ကို ရွှေဝါပြည် ကနေတစ်ဆင့်ရတာပါ

Comment #1

ဆရာရေ … ပါတ်တီးတွေလည်း အရောင်စုံနေပြီ… ။

commentinfo By: စိုး at Jul 5, 2010
Comment #2

ကောင်းလိုက်တဲ့ကဗျာလေး….
တင်ပေးတဲ့သူကိုလဲ ကျေးဇူးပါဗျာ..

commentinfo By: သုသျှင် at Jul 5, 2010
Comment #3

@သုသျှင် ကဗျာလေးတွေ သဘောကျတယ်ဆိုတော့ ဖြိုးလည်းပျော်ပါတယ်.. (:
တစ်ထိုင်ထဲ တစ်နေရာထဲမှာ ကဗျာလေးတွေ အများကြီးဖတ်ရအောင် ဖြိုးမှာရှိတာတွေ လာလာတင်ပေးတာပါ..
ကျန်တာတွေကိုလည်း ဖြိုးရိုက်ပြီးတင်ပေးဦးမယ်။

commentinfo By: ဖြိုးဖြိုး at Jul 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment