Professional Authors

သတ်ပုံမှားတဲ့ ည

ညက ကျတော့်ကို အမှောင်နဲ့လာခြောက်နေတယ်
တိမ်တွေ မူးပြီး သောင်းကျန်းတဲ့ ညလို့ဆိုမလားပဲ
လ ကို ငပုပ်ဖမ်းသွားတယ်လို့ ကြားဖူးနားဝရှိသား
အားကိုးစရာ အိမ်မက်တွေကို တစစီ မီးရှို့ပြီး ခိုလှုံခဲ့တယ်
ကီးကျိုးကီးပဲ့ကြီးနဲ့လဲ ခွေးတွေက အူလိုက်တာဗျာ
သန်းခေါင်ယံအချိန် ယိုစီးလာထိ တိုင်အောင်
ကျတော့် အိပ်စက်ခြင်းကို နှိုးမရခဲ့ဘူး
လေနီကြမ်းရဲ့ လျှက်တိုက်သံကို သံယောင်လိုက်မိသေးတယ်
ဟော….. အိပ်ချင်မူးတူးနဲ့ လင်းကြက်တွန်သံကို
ကျတော် ကြားတယ်
အွတ်…အီး….အီး….အောက်…..တဲ့……………..
ကောင်မလေးရေ……. မင်းမရှိတဲ့ ညတွေ
ငါ့အတွက် ခက်ထန်လွန်းတယ်ကွာ

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

kwat ti
kwat ti
🙂

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment