Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

ချစ်သော ဖေဖေ (အဖေများနေ့ အမှတ်တရ)

အဖေများနေ့ အမှတ်တရ

ချစ်သောဖေဖေ

ငယ်ရွယ်စဉ်က ကျောင်းကြိုကျောင်းပို့
အမြဲပြုရွေ့
အဖတာဝန်မလစ်ဟင်းပဲ
ပျိုးထောင်ခဲ့တာ
ချစ်သောဖေဖေ

ဘ၀ဒဏ်ကြောင့်
ခက်ထန်နေတဲ့ ဖေဖေ့လက်တစ်စုံ
ယုံကြည်အားကိုးလေးစားလို့
အားအင်တွေရ
ချစ်မ၀ခဲ့ပါ
ချစ်သောဖေဖေ

တုတ်နဲ့မတို့
လေသံမမာ
မြတ်နိုးစွာနဲ့
အချုပ်အချယ် ကင်းဝေး
လိမ်မာအောင် ထိန်း
သားသမီးတို့ရဲ့ သူရဲကောင်းဟာ
ချစ်သောဖေဖေ

လောင်းကစားဆို ဝေးဝေးကရှောင်
အရက်ဆေးလိပ်မသုံးဆောင်ပဲ
ဒီမိသားစုရဲ့ စံပြခေါင်းဆောင်
ပုဆိုး စွတ်ကျယ်စုတ်
မလဲတမ်းဝတ်လို့
နောင်ရေးကောင်းအောင်
ကြိုးစားခဲ့တာ
ချစ်သောဖေဖေ

ကိုယ်တိုင်မသုံး
သားသမီးတွေသုံးနိုင်အောင်
တူနှစ်ကိုယ်ယှဉ်တွဲ
စံပြမိသားစု
ဆောက်ခဲ့တာ
နားလည်မှုရှိကာ
အချိန်တိုင်းဖေးမခဲ့တာ
ချစ်သောဖေဖေပါ …

ကျွန်မချစ်ရပါသော ဖေဖေပါ ….

h3mlock
21st June 2009

ချစ်သောဖေဖေသို့ .. (အဖေများနေ့ အမှတ်တရ)

In: ကဗျာ Posted By: Date: Jun 21, 2009
Comment #1

ကြည့်စမ်း … တကယ့်ကို လိမ္မာလာတာပဲ
ထပ်ခေါ်လိုက်ဦးမယ် … သာဓု သာဓု သာဓု

commentinfo By: harry at Jun 21, 2009
Comment #2

“တုတ်နဲ့မတို့
လေသံမမာ
….”
အဲဒါကြောင့် အဲလောက်ဆိုးနေတာ.. 😛

commentinfo By: အရဲ at Jun 22, 2009
Comment #3

@ko harry Thank uuuuuuuuuuu :*

@A yal Hont ငါဆိုးပါဝူးဟာ =[ (မနာလိုဖြစ်မနေနဲ့ ကွိကွိ) =P

commentinfo By: h3mlock at Jun 22, 2009
Comment #4

so liking brother ..this really father……

commentinfo By: samurainyan at May 21, 2011
Comment #5

ဟီးဟီး … brother မဟုတ်ဘူး ဆာမူရိုင်းရဲ့ … h3mlock က မိန်းကလေး 😀

commentinfo By: harry at May 21, 2011
Comment #6

sorry friend ….but me really likie of u great poem 😛

commentinfo By: သားခေတ် at May 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment