Professional Authors

ခပ်ရိုင်းရိုင်းစိတ်ကူး

ဘာမဟုတ်တဲ့ လက်တစ်ဖက်စာအောက်မှာ
ယုံကြည်မှုတွေ
ပေါက်ပင်တွေလို ဟိုဒီယိမ်းလို့
ရေစုန်မျောကုန်ကြပေါ့
နောက်ဆုံးရောက်တော့….
လူဆိုတာ လူသိပ်ဆန်သွားကြတာပေါ့

အငွေ့ပျံသွားတဲ့
ခံယူချက်တွေ
ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့နဲ့
တိမ်တွေလို
လွင့်ချင်ရာ လွင့်ကြပြီ

အားလုံးရဲ့မျက်ရည်တွေ
မျှော်လင့်ချက်တွေ
တံခွန်လွင့် အိပ်မက် တွေ
ခဏတာ….
အပေါစားသံစဉ်တွေရဲ့
မေ့ဖျောက်မှု
ဖျက်ဆီးမှုကို ခံခဲ့ရပေါ့…..

ဗယ်ရော ညာရော
အပုပ်ဆန်နေကြတော့
ငါ့ရှေ့က သစ္စာဖောက်ရဲ့သွေးကို
ရွံရှာစွာနဲ့
နံနက်စာအဖြစ် အဖော်ပြုခဲ့ရတယ်….

In: ကဗျာ Posted By: Date: Jun 26, 2010
Comment #1

great poem!
I like it

commentinfo By: Joking Band at Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment