Professional Authors

တန်ရဲ့လားကဗျာ (သုခမိန်လှိုင်)

ဒီနေ့
ငါးဘယ်နှစ်ကောင်ရသလဲ
ငွေဘယ်နှစ်ထောင်ရသလဲ
ကဗျာ ဘယ်နှစ်ပုဒ် ရသလဲ။

ငါတို့က
လောကကြီးမှာ
ငါးမျှားရတာ
ငွေရှာရတာ
ကဗျာစပ်ရတာ
တန်ရဲ့လား။

ဟစ်တလာက
ကမ္ဘာကြီးကို ခြိမ်းခြောက်
ဂျူးခြောက်သန်းကို သတ်ပြီးမှ
ငါတို့က ချာလီချက်ပလင်ကို ရတာဆိုတော့
တန်ရဲ့လား ….။ ။

သုခမိန်လှိုင်
(ရုပ်ရှင်တေးကဗျာ ၊ ဇူလိုင် ၊ ၂၀ဝ၆)

Leave Comments

Name*

Email*
Website
Email me whenever there is new comment