Professional Authors

* ကျနော် က ချစ်၍ချစ်ခြင်းကို သက်သေမပြခဲ့ခြင်း *

 

ခင် ဗျားရဲ့
semiotic ဗေဒမှာ
ကျုပ်လွင့်ခဲ့တာပေါ့

အ ရောင် လွင့်နေတဲ့
နံရံတွေ
အိပ်ယာခင်း ညှီစို့စို့ တွေကို
သိပ်ဂရု မစိုက်ခဲ့သလိုပဲ။

ခင် ဗျားရယ်တိုင်းလည်း
ကျနော် မ ပျော်ပါဘူး။
တစ်ခါတစ်လေ လိုအပ်စွာ
ဝမ်းနည်းရတာမျိုး။

ခင် ဗျားရဲ့ အိပ်မက်တွေလိုပဲ
ဓါးထောက်ခံရပြီး
သံမဏိဆူးတွေကလက် ရန်းဖြစ်နေ ပေမယ့်
ကျုပ်က တော့ သက်တောင့် သက်သာ ဖြစ်စေမဲ့ ခြေနင်းပဲ
(ဒါကြောင့် ခင် ဗျားလမ်းမ ပြောင်းခဲ့တာ)

ပင် လယ်ပြင် က လတ်ဆတ်လေ ကို ကျွန်တော် ရှူချင် သား
ဒါပေမယ့်
ငါးခြောက်လှန်းစင်တွေကို ဖြတ်ပျံလာတဲ့
ခင် ဗျားရဲ့ တစ်စုံတစ် ရာက
မရုန်းထွက်ချင် ဘူး။

ကျ နော် က ဘာမှမဟုတ်ပါဘူး
အဲ့ဒီလို ဘာမှမဟုတ်တဲ့ ကောင် ကို
တန်ဖိုးထားတတ် တဲ့ မမ ကို ချစ်တယ်။

ကျနော်လုပ်နိုင် တာဒါအကုန်ပဲဆို
မမ စိတ်ပျက်မှာပေါ့
တောင်းပန်တယ် ကျနော်
အချစ်ကိုတည်မြဲအောင် မလုပ်တတ်ဘူး။

ကျရှုံးနေတဲ့ လူတစ်ယောက် ရဲ့ဘဝဟာ
နင်နေငါသွား ထိုင် ‘ဟား’ လို့ရ ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ချစ်တယ်။

In: ကဗျာ Posted By: Date: Jul 23, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment