Professional Authors

ချမ်းတတ်တဲ့အနွေးထည်လေးတစ်ထည်

ငါ့မှာ ချမ်းတတ်တဲ့အနွေးထည်လေး တစ်ထည်ရှိတယ်
မနာလိုစိတ်ကို ကမ္ဘာကြီးထဲဝှက်ထားတဲ့ ငှက်တစ်ကောင်ရယ်
အချိန်တိုင်း ဗလာဖြစ်နေလို့ ဆေးလိပ်ငွေ့တွေဆီက ခိုးယူထားတဲ့ အသက်ရယ်
မင်းကလေးလည်း ကော်ဖီခွက်ထဲက အရောင်တွေလို ခန့်မှန်းရခက်တယ်
ရွာကြီးတစ်ရွာပေါ့ကွာ
ပုံပြင်တွေ အလေအလွင့်မရှိ
‘စိတ်’ ဖြာချိန် ကောင်းကင်ကို ကောက်ယူဖို့ ကြိုးစားသူ
ငါ့မတော်တဆ ဟာ အလှဆုံးပဲ
သူကလေး
မနေ့ကအကြောင်းတွေ တွေးရင်းငေးရင်း
စာခြောက်ရုပ်ကလေး ဖြစ်သွားတော့
ကျီးကန်းတွေ
ရင်ကိုဖောက်ထွက်သွားတာ
မင်းပျော်ရဲ့လားလို့ မေးမိတယ်

In: ကဗျာ Posted By: Date: Dec 23, 2017
Comment #1

ကဗျာလေးတွေကြိုက်မိ၏

commentinfo By: naynyo23 at Apr 23, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment