Professional Authors

ဆောင်း

ငါဟာ အမြဲတမ်း သတိရနေတတ်တယ်
မေ့လျော့ဖို့
(ကိုယ့်ကိုယ်ကို အပါအ၀င်)
ကြယ်ကလေးတွေနှင့်တကွ
နောင်တရဖို့
မမြင်ကွယ်ရာမှာ ကျိုးကျဖို့
နောက်ပြီး
ပကတိနက်မှောင်သောအဓိပ္ပါယ်ကိုဖောက်ထွင်းမြင်ရဖို့
ကျောက်ခက်ကျောက်ရွက်များ ကြွေကျခဲ့ရပေါ့
ဘာဘီရုပ်လေးရဲ့ လက်ထဲက
မိတ်ကပ်၊ တန်ဖိုးကြီးအသုံးအဆောင်နဲ့ လူယောင်ဆောင်ထားတဲ့ အသံများ
အပေါစား မျက်နှာဖုံးတွေများခဲ့
ဒီလိုပျက်စီးကာ နှင်းဖွဲတဲ့ညနေ
ဘာကိုမှ သတိမရချင်တော့ပါဘူး ဂျွန်ရေ
မင်းပြောသလိုပဲ ကမ္ဘာစိမ်း
စိမ်းကားတဲ့ ၂၄နာရီ တွေ
ငါ့မှာ ကြွယ်ဝလို့
အကြင်နာစိမ်း စိမ်းရောင်သန်းတဲ့လမ်းတွေ
ဝေဒနာဟာ ဘယ်သူ့ကိုမှ မခွဲခြားပါဘူးကွာ တဲ့
မေတ္တာရောင်ပြန် မြစ် ရေ
ဆောင်းရာသီအိပ်မက်ဆိုးများ ဆိုက်ရောက်ပြီလေ

In: ကဗျာ Posted By: Date: Dec 7, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment