Professional Authors

လမ်း

 

စက်ဝိုင်းတစ်ခု

အဆုံးသတ်မတွေ့ဘူး

အဆုံးသတ်ချင်နေမိ အစဖြတ်မရ

သတ္တ၀ါတိုင်း သက်ရှိတိုင်း

ဒဏ်ရာ အနာတရတွေနဲ့

 

ပျော်ရွှင်ချင်များဆိုတာ

လောကဒဏ်ခတ်ထားသလိုပဲ

ပျော်၂ရွှင်၂ တွေးပေးလို့နောက်နေ့ထိ

တွေးပေးလို့မျှ မရ

 

အထီးကျန်ဆန်တဲ့ဘ၀ဆိုတာ

ဒဏ်ခတ်ထားခြင်းလား

သောပိတ်ထားခြင်းလား

ပျော်ပါတယ်လို့ ဘယ်လောက်တွေးတွေး

ငါ့စိတ်တွေဟာ အချိန်ရှည်၂ မသွားခဲ့ဘူး

 

ဘ၀တိုတိုထက်

ငါဟာ ဆေးလိပ်တိုတာကိုပဲ နာကျင်မိတယ်

 

ဟန်ဆောင်မာယာတွေ

အပေါ်ယံလျပ်ထားတဲ့ မျက်နှာဖုံးတွေ

တစ်ကိုယ်စာ အမှန်တရားတွေ

ထင်မြင် အယူအဆ အကွဲ အလွဲ

အသွေး အသား များ

ကွေးကောက်ထားသော နှုတ်ခမ်းအတုများ

စေတနာ အတုများ မေတ္တာ အတုများ

သွား

စိတ်သွားတိုင် မျက်နှာဖုံးတွေ ပါသွားကြပါ။

 

ပေကျံနေတဲ့ သွေးတွေဟာ

နောက်ဆုံးထွက်သက်ဖြစ်ပါစေ

နာကျင်ခြင်းတွေဟာ

ကိုယ်စားပေးလို့မရဘူး

 

မျှော်လင့်ချက်တွေဟာ

တစ်နေတစ်ခြားေ၀၀ါး

ကြိုးစားမှုခြင်းတွေ

အနာဂတ်မှာ ဘာမှ မမြင်ရဘူး

အဲ့ဒီလို့နက်

တစ်နေထွက်တယ်

In: ကဗျာ Posted By: Date: Nov 25, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment