Professional Authors

untitle

 အိပ်မက်တွေ ပြိုပြိုကျနေတဲ့ ညနေတွေမှာ
ကျနော် ‌ခြေဆင်းလို့ အေးဆေးထိုင်တတ်နေခဲ့တာ
ဘယ်ချိန်ထဲကပါလိမ့်။
တကယ့်ဘ၀ဆိုတာ
ကြယ်တွေ တဖြုတ်ဖြုတ်ကြွေကျတာထက်
ပိုမြန်ဆန်တယ် အမေ..
ကျနော် ပစ်လွှတ်လိုက်တဲ့ မြားတွေ
ကျနော့်ဆီ ပြန်လာမှာပေါ့
ရပ်စောင့်သည် ဖြစ်စေ
ပြေးစောင့်သည် ဖြစ်စေ
ထိုင်စောင့်သည် ဖြစ်စေ
အချိန်တန်ရင် ရောက်လာမှာပဲ လေ.. 
ကြယ်ကြွေတွေကို ပဲ 
အေးဆေးသက်သာ ကြည့်ချင်တော့တယ် အမေ
In: ကဗျာ Posted By: Date: Oct 11, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment