Professional Authors

မလွန်ဆန်နိုင်ခဲ့ဘူး

သံယောဇဉ်တွယ်တတ်တဲ့ငါ
အချစ်ဆိုတဲ့အရာနဲ့တွေ့တဲ့အခါ
မာနတွေမြေခ
မင်းပျော်ရွှင်ပါစေ ဆိုတဲ့ဆန္ဒနဲ့
အလိုက်တသိဖြည့်ဆည်းပေးဆပ်ရင်း
ငါကိုယ်တိုင် ငါ့ဆန္ဒတွေမျက်ကွယ်ပြုခဲ့ဖူးတယ်။
ဒါပေမယ့်လည်း
ကျရှူံးနေတဲ့ မျှော်လင့်ချက်ရယ်
ရင်မှာလောင်နေတဲ့မီးမြိုက်ရယ်
အရှုံးတွေ တပွေ့တပိုက်ရယ်နဲ့
အဖော်မဲ့တဲ့ညတွေ
မင်း မသိလိုက်တဲ့မျက်ရည်မိုး ရွာသွန်းဖြိုးရင်း… 
အော် မမှတ်မရှိတဲ့ ငါ့နှလုံးသား
အချစ်ဆိုတဲ့နွံထဲက
ရုန်းထွက်ဖို့
မလွန်ဆန်နိုင်ခဲ့ဘူး။
In: ကဗ်ာ Posted By: Date: May 26, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment