Professional Authors

မြစ်ကျိုးအင်း

စီးမျောချင်ခဲ့တာ …
မင်းစုန်ဆင်းရာဘ၀တစ်လျှောက်
အစကနေအဆုံးထိ
တစ်သွေးထဲတစ်သားထဲလေ …
မမြင်ရသေးတဲ့ အနာဂတ်တွေမှာ
တောက်ပတဲ့စိတ်ကူးတွေ …
ကမ်းတစ်လျှောက် ပန်းပွင့်မယ်ပဲ
ထင်ခဲ့တာ … 
.
လောကဓံအပူလှိုင်းတွေကြား
ရေခမ်းလို့သောင်ထွန်းရင်တောင်
ရှိသမျှအင်အားနဲ့
ဖက်တွယ်ထားဖို့ငါ
အားမာန်အပြည့်
အချစ်အတွက်
ရဲရင့်ခဲ့ …
ခေါင်းမာပြတ်သား …
ရှေ့ ကိုအားတင်းတိုးရင်
နောက်ကျောကိုလုံခြုံမယ်လို့
စိတ် ချ ထား ခဲ့ တာ … 
.
နင့်ခနဲ နာ 
ဖြာခနဲဝဲကျတဲ့သွေးတွေကြား
ဓါးတစ်ချက် ..
နှစ်ချက် …
သုံးချက် …
.
.
.
ဓါးကိုင်တဲ့လက်
အားကိုးတစ်ကြီးဆုပ်ကိုင်ဖူးတဲ့
အဲ့ဒီလက် …
ရပ်တန့်သွားတဲ့ အချိန်ယန္တရားတစ်ခုမှာ
ငါ … 
ခေတ္တဆွံအသွားခဲ့ … 
အသိဥာဏ်ထဲသေအောင်စွဲမယ့်
အရိပ်ဆိုးကြီး နောက်ပိုင်းမှာ …
ကိုယ်ခန္တာက အစိတ်အပိုင်းတစ်ခု
ခွဲထုတ်သလိုနာကျင်ပြီးကာမှ
နာမည်အသစ်တစ်ခုထပ်ရတယ် …
ငါ “မြစ်ကျိုးအင်း” တဲ့ …
.
(အသဲကျော်)
In: ကဗျာ Posted By: Date: Jun 9, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment