Professional Authors

သူ

ဒဏ်ရာတွေနဲ့ပါ
အဝေးကြီးက ပြေးလာရတဲ့အခါတိုင်း
အခုထိ ကမ်းကပ်နိုင်ဖို့
နွေးထွေးတဲ့ ရင်ခွင်ရယ်
ငါ့မှာ မရှိတော့ဘူးလေ
တိုက်ပွဲတွေရဲ့ သားကောင်မို့
အနာတရ ဆိုတာ မိတ်ဖက် ပါပဲ
သွေးထွက်ရမှာထက်
မျက်ရည်ကျရမှာကို ကြောက်တယ်
ရှည်လျားလွန်းတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းလာရလို့ထင်
ရင်ဘတ်ဟာ မငိုတတ်တော့ဘူးကွယ်
.
နှလုံးသားက ၀မ်းနည်းလို့
မျက်လုံးတွေ အတည်ပြုပေးခြင်းက
သားသတ်သမား ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက်
အယူခံမှ မ၀င်နိုင်ခဲ့တာ
အသက်ရှူရခက်လည်း ခက်စေတော့
ငါ သေဆုံးလိုက်တော့မယ်
.
အသင် လောက ရယ်
ကမ္ဘာမြေကြီး ပေါ်မှာ နေထိုင်ကြတာချင်း အတူတူ
သွေးခုန်နှုန်း မတူညီကြတာက အပြစ်ဆို
အချို့ လူတွေ လွယ်ကူခဲ့ကြ ပေမယ့်
ကျွန်ုပ် ယနေ့ထိခက်ခဲနေခြင်း ဟာ
ငြင်းဆန်စရာ မရှိဘူးထင်ရဲ့
.
ဒဏ်ဖြစ်သွားတဲ့ အမှတ်အသားတစ်ခုတည်းပေါ်မှာပဲ
သူတို့ပေးတဲ့ ခေါင်းစဉ်အောက် ရောက်ပါစေတော့
သူတို့ သတ်မှတ်တဲ့ စံနှုန်းတွေနဲ့ လွဲချော်ပါစေတော့
သူတို့ ဆိုလိုသလို ကျွန်တော် အသံထွက်ပါစေတော့
တစ်ခုတည်းသော နောင်တ တရားကိုတော့
မဆိုင်တော့သူကို သိစေချင်သေးတယ် 
.
မဖြူစင်တော့တဲ့ စိတ်ကလေး နောက်မှာ
နာကျင်စွာ တောင် လက်ပြ နိုင်ခွင့်မရှိတော့တာပဲ
ဒီလို ခေတ္တခဏ တွေ ပိုင်ဆိုင် ရမယ်သာဆို
ညနေ ၃ နာရီ ကိုရပ်ထားချင်တယ်
လက်ကလေး ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမယ်
ဒါဟာ နောက်ဆုံးဆန္ဒ ဖြစ်ပါလိမ့်မယ်
.
အခုတော့လည်း
တိမ်အရုပ်ကလေး ကိုချစ်တိုင်း
မပိုင်ဆိုင်နိုင်တော့ဘူး မို့
ပြုခဲ့ဖူးသော လက်တွေ့မဆန်ခြင်းတွေကိုသာ
ရာသက်ပန်လုံး
မုန်းနေရတော့မယ်
.
ရယ်မောခဲ့ အတူတူ
ပျော်ရွှင်ခဲ့ အတူတူ
ငိုကြွေးခဲ့ အတူတူ
ဝမ်းနည်းခဲ့ အတူတူ
သူမတူတဲ့အချိန်တွေကို ပိုက်ထွေး
ကြည်နူးစွာ သယ်ဆောင်သွားတော့မယ်
.
အမှန်တရား
သစ္စာတရား
အသွေးအသားထဲ ၀င်ဝင်
မြင်နိုင်မယ်ဆို ကြည့်ပါကွယ်
ဘဒ္ဒလောက ဖြစ်တည်နေသရွေ့
နွေ ၊ မိုး ၊ ဆောင်းရယ် 
ထိုသို့ပင် ရှိလိမ့်မယ်
ချစ်သော သူ့ အတွက် ရည်စူး 
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် . . . . ။    ။
In: ကဗျာ Posted By: Date: Dec 1, 2015
Comment #1

မဖြူစင်တော့တဲ့ စိတ်ကလေး နောက်မှာ
နာကျင်စွာတောင် လက်ပြ နိုင်ခွင့်မရှိတော့တာပဲ
ဒီလို ခေတ္တခဏ တွေ ပိုင်ဆိုင် ရမယ်သာဆို
ညနေ ၃ နာရီ ကိုရပ်ထားချင်တယ်
လက်ကလေး ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမယ်
ဒါဟာ နောက်ဆုံးဆန္ဒ ဖြစ်ပါလိမ့်မယ် …

ထပ်တူညီစွာ ခံစားမိသည် … (Y)

commentinfo By: STUPID at Dec 2, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment