Professional Authors

ကပွဲ

ယုံကြည်မှုကို ချနင်း….
ခံစားမှုကို ဖျာခင်းပြီး
ဘဝကပွဲကို ကြည့်နေတာ….

ကြင်နာမှုက မင်းသား….
နုညံ့မှုက မင်းသမီး…..
သံသယက ဗီလိန်…..
ဇာတ်လမ်းကို ကျွန်တော်နားမလည်ဘူး သေချာတစ်ခုက မျှတမှုသေသွားတယ်

ခဏပါဘဲ…..
ကန့်လန့်ကာ ကျလာတယ်…
အမုန်းတွေနဲ့……။      ။
In: ကဗျာ Posted By: Date: Oct 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment