Professional Authors

နှလုံးသားကျိန်စာဆိုး

အချိန်က မတိုက်စားတဲ့အထဲမှာ ငါ့အချစ်လဲပါမယ်
ကြာခဲ့ပီ မေ့လောက်ပီ လို့ မင်းပုံရိပ်ကို ထုတ်ပယ်
မှုန်ဝါးပျောက်ကွယ်အောင် တမင် ငါ မေ့ခဲ့တယ်။
သစ်ပင်ကိုအရင်းကဖြတ်ခဲ့ပေမဲ့
နှစ်ကြာကြာရေသောက်မြစ်ကို မျက်ကွယ်ပြုခဲ့တဲ့ အမှားမျိုးကျူးခဲ့တဲ့ငါ
ကိုယ့်ရင်ဘတ်ကိုယ် ညာခဲ့တဲ့အခါ
ပြစ်ဒဏ်က အသက်ရှုနေသမျှ တမြေ့မြေ့လောင်ကျွမ်းစေ
ငိုလိုက်တိုင်း မျက်ရည်မကျပဲ နှလုံးသွေးတို့ လျှံထွက်စေ
မင်းအပြုံးအတွက် ငါ့ဘ၀က မြူတမှုံမျှသာတန်ဖိုးရှိစေ
ကိုယ့်ရင်ဘတ်ကိုယ် ညာခဲ့တဲ့ငါ
ကျိန်စာသင့် ပိုးထိုးတဲ့ နှလုံးသားဆိုးနဲ့ ဘ၀ကိုမောင်းနှင်နေရတဲ့အဖြစ်ဆိုး။
In: ကဗျာ Posted By: Date: Sep 22, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment