Professional Authors

ပတ်လမ်းလျှောက်….. ဂြိုလ်

မြို.ပြယဉ်ကျေးမှုနဲ.အတူ
ငါ့နှလုံးသားလေးဟာလည်း
မာယာတွေနဲ.ရှုတ်ထွေးနေပြိင်္။

ဆွဲအားဆိုတာ
ငါ့အတွက်တော့
မင်းရဲ.မျက်ဝန်းပြာပြာလေးပဲ။

သန်းခေါင်ယံမှာ
ငှက်ဆိုးထိုးသံနဲ.အတူ
လန်.နိုးမိရင်
စည်းချက်ကျကျငါ့နှလုံးသံက
မင်းကိုတမ်းတနေတယ်။

နေခြည်ဆမ်းတဲ့ကဗျာထက်
လရောင်ဆမ်းကဗျာကိုနှစ်သက်မိတယ်။

မင်းရဲ.ရိုက်ချက်ကြောင့်
ဘာမှမဆိုင်တဲ့
ငါ့နှလုံးသားမှာအမာရွက်နဲ.။

တစ်ခါတစ်လေ
ဒူးကအမာရွက်တွေကိုကြည့်ပြီး
ငါဟာ…..
လဲကျဘူးပြီး ပြန်ထဘူးတယ်ဆိုတာတွေးမိတယ်။

ဒါကြောင့်ငါ့နှလုံးသားအမာရွက်ကို
ထွေးပွေ.ပြီး ပြန်ထရအုံးမယ်။

အထီးကျန်ခြင်းကိုမနှစ်သက်ပင်မဲ့
စားသုံးရတော့မယ်။

အချစ်ရဲ.တန်ပြန်သက်ရောက်မှုက
အမုန်းလား။

အမုန်းဆိုတာ….
မလိုချင်ဘဲ ထွေးပိုက်ရတာမျိုး။

ငါက…………..
မင်းရဲ.အနားမှာ
နီးလည်းမနီး
ဝေးလည်းမဝေးတဲ့
ပတ်လမ်းလျှောက်….ဂြိုလ်တစ်လုံး။

In: ကဗျာ Posted By: Date: May 18, 2015
Comment #1

ရင်ထဲ ကွက်တိဘဲဗျာ

commentinfo By: TTA at May 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment