Professional Authors

အလင်း၏တန်ဖိုး

မိုးကသည်းသည်း  လေတဖြူးဖြူး

ကော်ဖီပူပူ ဘောပင်ယူလို့……..
ဖြူဖွေးနေတဲ့စာရွက်ပေါ်ကို မင်တစ်စက်တို့
လွမ်းမောဖွယ်ခံစားချက်နဲ့ 
နှလုံးသားကိုစာစီ ကဗျာကာရံညီအောင် မင်းအကြောင်းတွေရေးနေဆဲ……..
မှောင်မိုက်သွားတဲ့ တဒင်္ဂအခြေအနေ
အလင်းရောင်ရဲ့ တန်ဖိုးကို ရင်ဝယ်ပိုက်လို့
ကြားရတဲ့မိုးချုန်းသံ
အသူရာနဲ့သိကြား စစ်ခင်းနေပြီလား……..
ဒါမျိုးအဖြစ်ကရိုး အမှောင်ထဲတိုးလို့
အဆိုးကြီးမဟုတ်ပါဘူးလို့ တွေးရင်း………
စမ်းတဝါးဝါးလိုက်ရှာနေတယ်
ဝယ်ထားတဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်………
In: ကဗျာ Posted By: Date: Apr 23, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment