Professional Authors

ရှင့်ကိုကျွန်မသိပ်ချစ်တာပဲ

ရှင်ဟာ ကျွန်မရဲ့အရာရာပါပဲ

ရှင့်ကို ကျွန်မ အရမ်းချစ်တာပဲ

ကျွန်မကို ရှင်စိတ်ဆိုးနေတဲ့အခါ
ကျွန်မ ဘယ်လိုမှနေလို့မရဘူး

နောက်ဆုံးရှင်စိတ်ကိုလျော့ပြီး
“ထားလိုက်ပါတော့
အစစ ဂရုစိုက်
ဖုန်းချလိုက်တော့မယ်”
လို့ ရှင်ပြောတဲ့အခါ
ကျွန်မက မိုက်မဲစွာမေးမိတယ်
“ကျွန်မကို ချစ်လားဟင်”
လို့

အဲ့ဒီအခါမှာ ရှင်စိတ်ပျက်လက်ပျက်နဲ့ပြန်ပြောလေ့ရှိတာ
“မသိဘူး”
တဲ့
ကျွန်မကမ္ဘာပျက်မတတ်ပါပဲ

“ဒီပုံအတိုင်းဆို ရေရှည်လက်တွဲဖို့မဖြစ်နိုင်ဘူး”
ရှင်ပြောတဲ့အခါ
ကျွန်မလက်ထဲ ဘာလို့ ဆေးလုံးတွေရောက်လာတာလဲ
ကျွန်မငိုတယ်
ပြီးတော့
ကျွန်မ အော်ရယ်တယ်
မျက်ရည်တွေနဲ့ ကျွန်မအကျယ်ကြီးအော်ရယ်နေမိတယ်

အဲ့ဒီအခါရှင်က
“တွေ့လား!! အဲ့ဒါတွေမကြိုက်တာ
အဲ့လိုအရူးအလုပ်တွေမလုပ်စမ်းနဲ့”
တဲ့
“ဟုတ်ကဲ့” လို့ပြောပြီး
ကျွန်မ ဆေးလုံးတွေကိုပစ်ချလိုက်တယ်
ပြီးတော့
ကျွန်မ မိုက်မိုက်မဲမဲမေးမိပြန်တယ်
“ကျွန်မကို ချစ်လားဟင်”

ရှင် ဘာမှ ပြန်မဖြေဘူး
အဲ့ဒီအခါ
ကျွန်မအရမ်းနာကျင်တာပဲ

ကျွန်မ ကမ္ဘာတစ်ခုလုံး
ဘာလို့မှောင်မိုက်နေရတာလဲ

ဘာလို့အဲ့ဒီလောက်မှောင်မိုက်နေရတာလဲ

ကျွန်မဘယ်တုန်းက အဲ့လို ပျော့ညံ့ညံ့မိန်းမတစ်ယောက်ဖြစ်သွားရတာလဲ

ရှင်ကျွန်မကိုစိတ်ပျက်နေပြီလား
မရဘူး
မထားခဲ့ရဘူး
ရှင်ကျွန်မကို ခွဲမသွားရဘူး
ရှင့်ကို ကျွန်မအဆုံးရှုံးမခံနိုင်ဘူး
အားးးးး!!!!!!!!!

“ကလေးလေးရယ်
မင်းကို မောင် အရမ်းချစ်တာပဲ”
“ကျွန်မလည်းလေ မောင့်ကိုသိပ်ချစ်တာပဲ”
“တကယ်လား”
“နှစ်ကယ်”
“သုံးကယ်”
“ခစ် ခစ် ခစ်”
“ဟား ဟား ဟား”

အခန်းထဲ ရှင်နဲ့ကျွန်မအသံတွေပျံ့လွင့်နေတယ်
ကြားလား
ရှင် အရင်က ကျွန်မကိုသိပ်ချစ်တယ်နော်
အခုရော
ဖြေလေ
ဖြေပါဆို

ရှင်ဘာလို့ငြိမ်နေတာလဲ
ရှင့်မျက်လုံးတွေက အေးစက်နေတာပဲ
မကြည့်နဲ့!!
ကျွန်မကို အဲ့လိုမနှစ်မြို့သလိုမျိုးကြီး မကြည့်နဲ့
အရင်လို ပြုံးပြီး ကျွန်မကိုကြည့်ပါ
ဟင့်အင်း
ဟင့်အင်း
ကျွန်မ ရှင့်မျက်လုံးတွေကို လက်နဲ့ပိတ်ပစ်လိုက်တယ်
ရှင့်ကို ကျွန်မအတင်းဖက်ထားမိတယ်
ရှင့်မှာ ဘာလို့ရင်ခုန်သံတွေရှိမနေတော့တာလဲ
ကျွန်မ အရမ်းဝမ်းနည်းလာပြီးငိုမိတယ်

ကျွန်မရှင့်နှုတ်ခမ်းတွေကို ဖွဖွလေးကိုင်လိုက်တယ်
ပြီးတော့ ကျွန်မ နှုတ်ခမ်းတွေနဲ့ထိကပ်လိုက်တယ်
ရှင် ကျွန်မအပေါ်အရမ်းအေးစက်လိုက်တာ
ဘာလို့လဲ
ဘာလို့အရင်လို နွေးထွေးတဲ့နှုတ်ခမ်းတွေဖြစ်မနေတာလဲ

ဒုန်း ဒုန်း ဒုန်း!!

အပြင်ကနေ
အခန်းတံခါးကို အတင်းရိုက်ဖွင့်နေကြတယ်

ဘယ်သူတွေလဲ
ဘယ်သူတွေလဲ

ကျွန်မကို ဘယ်ခေါ်သွားကြမလို့လဲ
ကျွန်မ
ရှင့်ကို မခွဲဘူး
မခွဲဘူး

ရှင့်ကို ကျွန်မသိပ်ချစ်တယ်

ရှင့်ကို ကျွန်မသိပ်ချစ်တယ်
.
.
.
မေဃ

p.s ကျွန်မအရမ်းကြိုက်တဲ့ ရှိန်းရဲ့ ရှင့်ဆီကျမရောက်ရှိခဲ့တယ် မိုင်ပေါင်းထောင်သောင်းချီ၍
ကဗျာအားဖတ် ပြီး ရေးမိခြင်း
ရှိန်းရဲ့ခြေဖျားတောင်မမှီပါ 😀

In: ကဗျာ Posted By: Date: Mar 21, 2015
Comment #1

ကောင်းပါတယ်ဗျ

commentinfo By: nga pall at Mar 22, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment