Professional Authors

သူစိမ်း – ၂ (စိုင်းဝင်းမြင့်)

မနက်ခင်းက
အော်ကြီးဟစ်ကျယ်နဲ့ စတယ်
အိပ်ရေးမ၀ဘဲ အိပ်ရာက
ထတယ်။
ရှေ့မှာ
ဝရန်တာ
ဝရန်တာရှေ့မှာ
ဓာတ်ကြိုး
ငါ့စိတ်တွေ အစိုးမရချင်ဘူး
လက်တစ်ကမ်း စိတ်တစ်ကမ်းသာ ကွာရဲ့။
စွတ်စိုထိုင်းမှိုင်းတဲ့ ကမ္ဘာကြီး
ငါ့ကို ငြီးငွေ့သွားအောင် ဖွဲ့နွဲ့တယ်
အပျောက်အရှ များတယ်
အသွေးအသား များတယ်။
ငါ အရက်မသောက်ဘူး
ငါ ဆေးလိပ်မသောက်ဘူး
ရူးများ ရူးနေသလားပဲ
ကွမ်းလည်း မစားဘူး။
နေ့ရှိသမျှ ကြားရတဲ့ ပြန်ဆိုတေး
ငါ ဘေးမတွေ့လို
ပျိုရွယ်သူတစ်ယောက်ရဲ့ အိမ်ပြန်ခရီး
ညကြီးပိုင်းကား တွယ်စီးခဲ့တယ်။ ။
စိုင်းဝင်းမြင့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment