Professional Authors

++အတိတ်မှ အပြန်++

ညရောင်နဲ့လရောင်အောက်မှာ
နာရီတွေကိုရိုက်ချိုးခဲ့တာ
တကယ်တမ်းကျိုးသွားတာ ရင်ဘတ်
ပြန်ဆက်လို့မရခဲ့ဘူး
ကော်ဖီတစ်ခွက်ကို အဆိပ်ခတ်ပြီး
အရိပ်မထွက်တဲ့အခြမ်းဖက်မှာရပ်နေတဲ့လူကိုသတ်လိုက်မိတယ်
တကယ်တမ်းသေသွားခဲ့တာ ငါ့ရဲ့စိတ်
တိတ်တဆိတ်ထွက်ခွာသွားခဲ့တာက မင်း
မင်းနင်းသွားတဲ့ ကြမ်းခင်းကတော့
ဆွေးနေလေရဲ့
အဲ့ဒါ ငါ့အသည်းပေါ့
နှစ်တွေကတော့ ကြာပါပြီ…..

နောင်ရိုးစစ်

In: ကဗျာ Posted By: Date: Jun 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment