နင်ချည်တဲ့ကြိုး
နေထွက်ခဲ့တဲ့အချိန်
နေဝင်သွားတဲ့အချိန်
အားလုံးရဲ့အလယ်မှာ မင်းပဲလေ
သန်းခေါင်ထက်နက်တဲ့ ညတွေထဲမှာလဲ
မင်းကိုပဲ မူးယစ်တမ်းတခဲ့
အတွေးများစွာနဲ့ကူးခတ်ရင်း
သေနေတဲ့မျက်ဝန်းနဲ့ လှည့်ပတ်ရင်း
ကိုယ့်အာသီသတွေ
ပျောက်လွင့်လို့သွားပြီလေ….
့
နေသာရင်နေပါတော့လို့
 ဘယ်လိုမှမပြောရဲဘူး
ဒါပဲနော်လို့ ပြောဖို့လဲ
 နှုတ်ဖျားကမထွက်ရဲဘူး
အားနဲတဲ့သူပါ အားမနွဲ့ပေမယ့်
အားမဲ့နေလို့ပါ
မင်းစေခဲ့တဲ့အတိုင်း
မင်းရဲ့သဘောအတိုင်း
မင်းမျက်နှာပေါ်က အရိပ်အတိုင်း
မင်းချည်ခဲ့တဲ့ကြိုးနဲ့ပဲ
ကိုယ်နစ်မွန်းရတော့မှာ…။
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 