Professional Authors

အချစ်ကဗျာ

စိတ်ပြေလက်ပျောက်၊
အခန်းတံခါးလာခေါက်နေတယ်ပဲ မှတ်ပါ။
ဒီယုန်မြင်လို့  ဒီချုံထွင်ပြီး
ဒီအပင် ဇွတ်ပျိုးနေတဲ့ကောင်ပါ
အသက်ကြီးပြီး အချိန်မစီးတာက
ပေါ့ပေါ့လေးပဲ နေတတ်တာမို့ ပါ။
လူရှေ့ သူရှေ့ 
ရင်ဘတ်နဲ့ အပြည့် ဝေါ့အန်ချ
ပြီးမှ
ကောင်းနိုးရာရာ ပြန်ကောက်စား
အရသာ ပြန်ပွားတတ်တာပါ၊
မနက်ဖြန်အကြောင်းတော့ မတွေးထားပါဘူး
အခု လက်ရှိအဖြစ်မှာတောင်
ထစ်အ, ယောင်ချာချာ …။

In: ကဗျာ Posted By: Date: May 13, 2014
Comment #1

ဟာ good တယ် ဗျာ ကွန်မန့် မပေးပဲ မနေအောင်ပါပဲ…….

commentinfo By: nate thit at May 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment