Professional Authors

အသက်မဲ့စိမ်းလန်းခြင်း

အဖေ သေ
အမေ ဝေး
အစ်ကို ခြား
ဒဏ်ရာတွေနဲ့ တစ်ကောင်ကြွက်ဘဝ ။ ။

ဟေး … လောကကြီး
ငါလိုကောင်ကိုလှောင်ဖို့ 
ဘာပြကွက်တွေ ကျန်သေးလဲ ။ ။
လှပါတယ်ဆိုတဲ့ဒီကမ္ဘာမှာ
ငါဘယ်လိုအသက်ရှင်ပြရမလဲ ။ ။

ငါရင်ဆိုင်တယ်
နာပါတ်တစ် ရှုံး
နာပါတ်နှစ် ရှုံး
နာပါတ်သုံး ရှုံး
ငါပြုံးပြုံးပဲ ပျော်မွေ့တယ် ။ ။

လူတွေ …
လူတွေဟာလေ ဂုဏ်မက်တယ်
အဆင့်အတန်းခွဲတယ်
လှောင်ရယ်တတ်တယ်
နှလုံးသားမပါတဲ့ စက်ရုပ်နဲ့တူလေရဲ့ ။ ။

ကမ္ဘာမြေ
ကမ္ဘာမြေဟာလေ
အသက်မဲ့စိမ်းလန်းနေတယ် ။ ။
by Ex Loafer

Corner ထဲတောင်မရောက်တာကြာပြီ
အားလုံးနေကောင်းကြရဲ့ လား

In: ကဗျာ Posted By: Date: Apr 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment