Professional Authors

အကွာအဝေး၊ ဗဟိုခွာအား၊ ရောစပ်မှု၊ တုန်ခါနှုန်း စသည် …

မတွေးယူဘဲရခဲ့တာတွေ
နောက်ကြည့်မှန်ထဲမှာ ထင်နေတဲ့ အရိပ်တွေ
မကျွမ်းကျင်မှုရဲ့ အမာရွတ်တွေ
မလိမ္မာမှုရဲ့ နောင်တတွေ
တွင်းဝကလှမ်းမြင်ရတဲ့ မျက်လုံးတွေ
ဖွင့်မရတဲ့ Disc ထဲညှပ်နေတဲ့ နာမည်တွေ
အသံဖမ်းထားတဲ့ တိတ်ဆိတ်ခြင်းတွေ
လေနေတဲ့ လေတွေ
ရေကြည့်လို့မရတဲ့ ရေတွေ
အစေးသိပ်မကပ်တဲ့ ဗျည်းနဲ့ သရတွေ
၁၂ နာရီထိုးနေတဲ့ ပစ္စည်းတွေ
တလူလူဖြစ်နေတာတွေ
ငူငူငေါင်ငေါင် အကြည့်တွေ
နံရံပေါ်မှာ ညစ်ပတ်နေတဲ့ နောက်ထပ်နံရံတွေ
အဓိပ္ပာယ်ဖော်မရတဲ့ ဝှက်ထားတာတွေ
အရောင်ဆိုးထားတဲ့ တိမ်တွေ
တိမ်နေတဲ့ စကားလုံးတွေ
မလိုအပ်တာတွေ
မိနစ်နဲ့တွက်ထားတာတွေ
ဟုန်းဟုန်းတောက်နေတာတွေ
မြည်သံစွဲနေတာတွေ
စွန်းနေတဲ့ အစွမ်း/န်း တွေ
ကျွမ်းနေတာတွေ
သတိပေးထားတဲ့ ကတိတွေ
မစဲတော့တဲ့ အဆဲတွေ
မိုးရေထဲမှာ ငြိမ်နေတာတွေ
လှုပ်မှန်းမသိရတဲ့ စိတ်တွေ
တီရှပ်ပေါ်မှာ ရေးထားတာတွေ
ဖိနပ်မပါတဲ့ ခြေထောက်တွေ
သွေးထဲက မမြင်နိုင်တာတွေ
မရောက်ရှိတော့တဲ့ ဆုတောင်းတွေ
ကျိန်စာတိုက်ထားတာတွေ
ဖတ်(မ)ကောင်းအောင် လုပ်ထားတာတွေ
အဖြေမရှိ/မလိုတဲ့ မေးခွန်းတွေ
မည်ကာမတ္တတွေ
ခြွေထားတာတွေ
နှိပ်လိုက်ရတဲ့ ခလုတ်တွေ
အချိန်မတိုင်ခင် တွေ
ချိန်လျက်လွဲသွားတာတွေ
ပြန်ကန်ထွက်လာတာတွေ
မရှိပေမယ့် ဆက်ဖြစ်နေတာတွေ
… … … … … …
… … … … … …
… … … … … …

AZPaing

In: ကဗျာ Posted By: Date: Apr 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment