Professional Authors

အပေးအယူ


ရော့ ငါ့အသည်းနှလုံး ယူသွား
ငါ့ကို အိမ်မက်တစ်စုံ ပြန်ပေး

ရော့ ငါ့အချစ်တွေယူသွား
ငါ့ကို လရောင်စိုစိုလေး ပြန်ပေး

ရော့ ငါ့သံယောဇဉ်တွေယူသွား
ငါ့ကို နှင်းဖွေးဖွေးလေးတွေ ပြန်ပေး

ရော့ ငါ့ခံစားမှုတွေယူသွား
ငါ့ကို ဂစ်တာတစ်လက်ပြန်ပေး

အားလုံးအားလုံး ယူသွားပါ
ငါ့ကို…. အပြုံးလေးတစ်ချက်ပဲပြန်ပေးခဲ့
(နှစ်သိမ့်စရာ အဖြေတစ်ခု မနက်ဖြန်အတွက် ထုဆစ်ဖို့ပေါ့)

+နောင်ရိုးစစ်+

In: ကဗျာ Posted By: Date: Mar 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment