Professional Authors
မျက်​ရည်​မကျ​ကြေး
                  မျက်​ရည်​မကျ​ကြေး
အချစ်​​ရေ
      ငါတို့တ​ယောက်​မျက်​နှာတ​ယောက်​ကြည့်​ပြီး မျက်​ရည်​ကျတမ်းကစားကြတဲ့အခါ
      မလိုသူ​တွေ​ဖောက်​ထားတဲ့လမ်းထဲ
မမြင်​မစမ်းလမ်း​လျှောက်​ရတဲ့အခါ
     တစ်​​ယောက်​​ကျောပြင်​ကိုတစ်​​ယောက်​သပ်
ဒဏ်​ရာရက်​စွဲ​တွေကိုဆုတ်​ဖြဲကြတဲ့အခါ
နောက်​ဆုံး​ပေါ်ဇိမ်​ခံကား​တွေကို​ငေးကြတဲ့အခါ
ကျောတစ်​ခင်းစာ​နေရာအတွက်
နှစ်​​တွေအကြာကြီး​စောင့်​ဆိုင်းကြရတဲ့အခါ
ပိုက်​ဆံနည်း​နေတဲ့ဖုန်းတစ်​လုံးထဲ
အလှဆုံးစကားလုံး​တွေကို 
အတိုချုံးပြီး​ချွေ​ချွေတာတာမြတ်​နိုးကြရတဲ့အခါ
ပိုက်​ဆံ​ပေါတဲ့သူ​တွေကိုကြည့်​ပြီးဟားတိုက်​ရယ်​​မောကြတဲ့အခါ
ဒါ​တွေအားလုံးဟာရင်​ခုန်​စရာ​ဘ၀ရဲ့ ကဗျာ​တွေပဲ​ပေါ့
         အချစ်​​ရေ 
တစ်​​ယောက်​ကိုတ​ယောက်​​ပွေ့ဖက်
အဆင်​မ​ပြေမှုဆိုတဲ့​ဆေးခါးခါးတစ်​ခွက်​ကို
မလိုချင်​ပဲတပ်​မက်​​နေခဲ့ရတာ 
တစ်​နှစ်​​တောင်​စွန်းခဲ့ပြီ​​နော်
                              ဖိုးစံ(29.1.2014)ု
In: ကဗျာ Posted By: Date: Jan 27, 2014
Comment #1
🙂
commentinfo By: ei lay at Jan 29, 2014
Leave Comments
Name*
Email*
Website
Email me whenever there is new comment