Professional Authors

ဆက်ရန် ရှိသေးတယ်

ရက်ကန်းခတ်နေတဲ့
အိပ်မက် တွေရှိတယ်…

ဧရာဝတီ မနာလိုတဲ့
သံယောဇဉ်တွေ ရှိတယ်…

ဆိုင်သူအလိုမရှိတဲ့
သတိရခြင်းတွေ ရှိတယ်…

ကောင်းကင် အမိုးနဲ့ မလွတ်တဲ့
မျှော်လင့်ချက်တွေ ရှိတယ်…

ပြီးဆုံးသယောင်ဖြစ်နေတဲ့
ဆက်ရန်တွေလည်း…
ရှိချင်ပါသေးတယ်…

In: ကဗျာ Posted By: Date: Jan 17, 2014
Comment #1

ရှိစေဗျာ

မျှော်လင့်ချက်တွေ
အိပ်မက် တွေ
သံယောဇဉ်တွေ
သတိရခြင်းတွေ

commentinfo By: moezat at Jan 17, 2014
Comment #2

ဆိုင်သူအလိုမရှိတဲ့
သတိရခြင်းတွေ ရှိတယ်…

commentinfo By: ei lay at Jan 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment